မြစ်ကြီးနားမြို့တွင်းရှိ မြဝတီဘဏ်ဘေးက မြေမြင့်အုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

မြစ်ကြီးနားမြို့တွင်းရှိ မြဝတီဘဏ်ဘေးက မြေမြင့်အုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

မေ ၂၄

မြစ်ကြီးနားမြို့တွင်းက မြေမြင့်အုပ်ချုပ်ရေးမှူး နဲ့ အုပ်ချုပ်ရေးမှူးရုံး မီးရှို့တိုက်ခိုက်ခံလိုက်ရပါတယ်။

မြစ်ကြီးနားမြို့တွင်းက မြေမြင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ဒီကနေ့ည ၉ နာရီအချိန်လောက်ကစတင်တိုက်ခိုက်ခံရပြီး မီးလောင်ကျွမ်းနေတဲ့အပြင် အုပ်ချုပ်ရေးမှူးနေအိမ်လည်း တပြိုင်နက်တည်း တိုက်ခိုက်ခံရတယ်လို့ ရက်ကွပ်နေပြည်သူများက ဆိုကြပါတယ်။

ဒီလိုတိုက်ခိုက်မှုကြောင့် ရပ်ကွက်ရုံးအတွင်းမှာ ရပ်ထားတဲ့ အရန်မီးသတ်ကားတစ်စီးလည်း လောင်ကျွမ်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။ရပ်ကွက်ရုံးမီးရှို့ခံရပြီးမကြာခင် ပစ်ခက်နေတဲ့ သေနတ်သံများကြားနေရပါတယ်။

အဆိုပါမြေမြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက မြစ်ကြီးနားမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်များ လုံခြုံရေးထူထပ်စွာချထားတဲ့ မြဝတီဘဏ်နဲ့ ကိုက်ငါးဆယ်အကွာမှာ တည်ရှိနေတဲ့ ရပ်ကွက်ရုံးလည်း ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ရှိ/မရှိကိုမူ မသိရသေးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း နောင်နန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်ပြာကျခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly