ကယားတွင် ဗုံးခိုကျင်းများ ပိုတူးလာကြ

ကယားတွင် ဗုံးခိုကျင်းများ ပိုတူးလာကြ
ဓာတ်ပုံ - Salween Press

၂၄ရက်နေ့ မေလ ၂၀၂၁  

စစ်ကောင်စီတပ်များက လေကြောင်းတိုက်ခိုက်လာနိုင်သည်ဆိုသော စိုးရိမ်ချက် ဖြင့် ကယားပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စုအတွင်း ဗုံးခိုကျင်းများတူးလာနေကြသည်။

ကယားပြည်နယ်အတွင်း ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဗုံးခိုကျင်းတူးမှုပိုလာသော်လည်း အချို့ကတော့ ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်ကောင်စီတပ်တိုက်ပွဲများဖြစ်ကတည်းက တူးထားကြခြင်းဖြစ်သည်။ 

ဓာတ်ပုံ - Salween Press

“လေယာဉ်တွေနဲ့ ငါတို့ ကျေးရွာတွေပေါ်ကို ပျံပြီး ကေအန်ယူတပ်ဖွဲ့ဝင်တွေကို သွားတိုက်ကတည်းက တောင်ပေါ်မှာ နေထိုင်တဲ့ ကျေးရွာတွေကတော့ တူးထားပြီပြီး”ဟု လိုခါးလို ကျေးရွာသားတစ်ဦးက ပြောသည်။  

မော်ချီးဒေသသည် ကရင်ပြည်နယ် ဖာပွန်ခရိုင် ကရင်အမျိုးသားအစည်းအရုံး (kNU) တပ်မဟာ(၅) လှုပ်ရှားထိန်းချုပ်ရာ ဒေသနှင့်လည်း ထိစပ်လျက်ရှိသည်။

ဓာတ်ပုံ - Salween Press

စစ်ကောင်စီတပ်၏ အခြေချတပ်စခန်းတစ်ခုဖြစ်သော ထီးမူထာစခန်းကို  KNU တပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်ကာ သိမ်းပိုက်မှု အစောပိုင်းက ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required