ဖယ်ခုံနဲ့ မိုးဗြဲမြို့တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ

ဖယ်ခုံနဲ့ မိုးဗြဲမြို့တိုက်ပွဲတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ
ပုံစာ - ရှမ်းပြည်နယ် မိုးဗြဲမြို့မ ရဲစခန်းကို မေလ   ၂၃ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းယူစဉ်

မေ ၂၄

ရှမ်းပြည်နယ် ဖယ်ခုံနဲ့ မိုးဗြဲမြို့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာလု စစ်ကောင်စီတပ်တွေ ဒီကနေ့ မေလ ၂၄ ရက် နေ့လည်ပိုင်းက တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒေသခံတွေ တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးတွေ ဖြစ်ထားပြီး ဖယ်ခုံမြို့ကို လည်း စစ်အုပ်ချုပ်ရေး ကြေငြာထားတယ်လို့ သိရပါတယ်။

“ အခုတောင် ပစ်တဲ့အသံ‌တွေ ကြားနေရတယ်၊ မြို့ပေါ်မှာက ဘယ်သူမှ မရှိတော့ဘူး၊ ရွာတွေမှာတောင် ကိုယ့်အိမ်မှာ ကိုယ်မနေရဲကြဘူး၊ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာ” လို့ အမည်မဖောလိုတဲ့ ဖယ်ခုံ ဒေသခံကပြောပါတယ်။

ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ပြီး ထွက်ပြေးတိမ်းရှောင်ရတာ မဟုတ်တဲ့အတွက် ကလေးသူငယ်တွေနဲ့ အသက်ကြီးပိုင်းတွေကတော့ ဆေးဝါးနဲ့ စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံနေရပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲနည်းတူ ကယားပြည်နယ် လွိုင်ကော်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required