မြောက်ဒဂုံ ဖူဆယ်ကွင်းအနီး  သေနတ်သံများကြားရ

မြောက်ဒဂုံ ဖူဆယ်ကွင်းအနီး  သေနတ်သံများကြားရ

ဒန်နီ၊ မေ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ် ဖူဆယ်ကွင်းအနားတဝိုက် တနင်္ဂနွေနေ့ ည ၆နာရီ ၂၀ခန့်က သေနတ်သံများကြားရသဖြင့် လူအများစိုးရိမ်နေကြသည်။

" သေနတ်သံကတော့ အများကြီးပဲ ကြားလိုက်ရတာ၊ ဆယ်ချက်ကျော်မယ်။ အခုတော့ အသံတွေရပ်သွားပေမယ့်၊ ရှိသေးတယ် ထင်တယ်။ လူတွေ ပြန်လှည့် ပြေးလာကြတာကို တွေ့တယ်။ ဘာတွေဖြစ်နေမှန်းတော့ ကျွန်တော်တို့လည်း မသိသေးဘူး ။ လူတွေလည်း အပြင်မထွက်ရဲသေးဘူး ''ဟု အဆိုပါ အနီး အနားနေထိုင်သူ တစ်ဦးက စစ်ကောင်စီတပ်များကိုရည်ညွှန်းလျှက်ပြောသည်။ 

သေနတ်သံကြောင့် ပြေးလာခဲ့ရသည်လူငယ်တစ်ယောက်က " ဖူဆယ်ကွင်းနားက သေနတ်အသံတွေ ထွက်လာတာပဲ။ ကြောက်လို့ အသည်းအသန် ပြေးလာရတယ်''ဟု ပြောသည်။

လက်ရှိတွင် စစ်တပ်မှ ဖူဆယ်ကွင်းတွင် ဘောလုံးလာကန်သည့် လူငယ်များနှင့် ရပ်ကွက်အနီးအနားမှ လူငယ်များကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly