အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး လူနေအိမ်များအတွင်းကျရောက် 

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး လူနေအိမ်များအတွင်းကျရောက် 

မေ ၂၃

ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့ပေါ် ရှိ ပွဲကုန်း (၂)ရပ်ကွက် ရဲစခန်း အနီးတွင် မေလ ၂၃ ရက်နေ့ နံနက် ၉နာရီခွဲခန့်အချိန်က  မိုးဗြဲမြို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား တိုက်ပွားတွေ ဖြစ်ပွားနေတယ်လို့ ကနေဦးသတင်းတွေအရသိရပါတယ်။

"မနက် ၉နာရီခွဲထဲက ပွဲကုန်း (၂)ရပ်ကွက် က ရဲစခန်းနားမှာ ပစ်နေကြတာ။ တပ်က လက်နက်ကြီးတွေအသုံးပြုပြီး ပြန်ပစ်နေတယ် ။ မြို့ပေါ်မှာ ပြည်သူတွေတော့ မရှိတော့  " လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်ထိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပေါ်နေပြီး လူထိခိုက်မှုရှိမရှိကို မသိရှိရသေးကြောင်း နှင့် မဇ္ဈိမသတင်းဌာန အနေဖြင့် အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly