ညောင်လေးပင်မြို့အနီး စမ်းကလေးကျေးရွာ အုပ်ကြီးအိမ် ဗုံးပေါက်ကွဲ ရာအိမ်မှူး ၁ ဦးသေ ၅ ဦးဒဏ်ရာရ

ညောင်လေးပင်မြို့အနီး စမ်းကလေးကျေးရွာ အုပ်ကြီးအိမ် ဗုံးပေါက်ကွဲ ရာအိမ်မှူး ၁ ဦးသေ ၅ ဦးဒဏ်ရာရ

မေ ၂၂

ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့အနီး စမ်းကလေး ကျေးရွာမှာ ဗုံးပေါက်ကွဲပြီး ရာအိမ်မှူးတစ်ဦးနေရာတွင်သေဆုံးကာ အုပ်ချုပ်ရေးမှူနဲ့ မိသားစုငါးဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။  မေလ ၂၁ ရက် ည ၇ နာရီမှာ အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်မှာ ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။ 

ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့မိသားစုကို ညောင်လေးပင်ဆေးရုံမှာ အရေးပေါ်ကုသပြီး လက်ရှိမှာ ပဲခူးဆေးရုံကို လွှဲပြောင်းကုသနေတယ်လို့ သိရပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး  ရိုက်နှက်စစ်ဆေးတာတွေပြုလုပ်ကာ ညောင်လေးပင် မြို့မ ၂ ရပ်ကွက်မှ ၁ ယောက်နဲ့ ကောက်ကွေ့ရွာသား ၁ ယောက်ကို ဗုံးခွဲတရားခံလို့ စပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ 

ဗုံးခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးနေအိမ်မှ ညောင်လေးပင် ကြံ့ဖွံ့အတွင်းရေးမှူးနဲ့အတူ ပျူစောထီးဆိုတဲ့အဖွဲ့က အစည်းအဝေးတွေလုပ်ခဲ့တယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။ 

"အဲ့ဒီအိမ်မှာပဲ အရက်ရောင်းတယ် စစ်သားတွေရဲတွေက အဲ့ဒီမှာ လာသောက်စားပြီး မူးရင် သေနတ်တွေဖောက်ပြီး ပတ်ဝန်းကျင်ကို ခြိမ်းခြောက်တာတွေလုပ်တယ်၊ ရဲစခန်းက စခန်းမှူးလဲပါတယ်" လို့ အဆိုပါဒေသခံကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly