ရန်ကုန်​အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တောင်းယူသွား

ရန်ကုန်​အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက တောင်းယူသွား

မေ ၂၀

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကိုရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ နိုင်ငံတော်လျို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃(၁)(ဂ)/၉နဲ့  တရားစွဲဆိုထားတဲ့အမှုတွဲကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူသွားတဲ့အတွက် အမှု မစစ်ဆေးဖြစ်ပါဘူးလို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့တရားလွှတ်တော်ရှေ့နေတစ်ဦးက မဇ္စျိမ ကိုဆိုပါတယ်။

နေပြည်တော် ​ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အမှုတွဲယူသွားတာကြောင့် နောက်ရုံးချိန်းကို နေပြည်တော်မှာ စစ်ဆေးတာမျိုး လုပ်နိုင်တယ်ဆိုတာတော့ သီးခြားအတည်ပြုလို့ မရသေးဘူးလို့ဆိုပါတယ်။

" ဒီနေ့ အရှေ့ပိုင်းခရိုင်တရားရုံးကိုရောက်တော့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုတွဲကိုတောင်းသွားတယ်လို့သိရပါတယ် နောက်ရုံးချိန်းကို ဇွန်၃ ရက်မှာပြန်လည်ချိန်းဆိုထားတယ်"လို့ ဆိုပါတယ်။

အဲ့ဒီအတွက် ယနေ့ (မေ ၂၀)ရက်ရုံးချိန်းမှာ အမှုနဲ့ပတ်သက်လို့ စစ်ဆေးကြားနာမှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

စစ်​ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မနှစ်ခုအပြင် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)တို့နဲ့ လည်း အသီးသီး တရားစွဲဆိုထားတာဖြစ်ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required