တောင်ဒဂုံရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦးသေ

တောင်ဒဂုံရဲစခန်းအနီး ဗုံးပေါက် ရဲတစ်ဦးသေ

မေ ၂၀

မေလ ၂၀ ရက် ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းအတွင်း ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။ 

"ဗုံးပေါက်တယ်ဆိုတာဟုတ်ပါတယ်၊ မနက်အစောပိုင်းမှာ ဘလူးတူးဘောက်ကနေပြီး သီချင်းသံရပ်သွားတာကို ရဲတစ်ယောက်က သွားကြည့်တဲ့အချိန်မှာ ပေါက်ကွဲခဲ့တာ၊ ရဲတစ်ယောက်ထိတယ်လို့ သိရပါတယ်" လို့ အဆိုပါဒေသခံကဆိုပါတယ်။ 

 ဗုံးပေါက်ပြီးတဲ့နောက်ပိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လမ်းတွေ ပိတ်ပြီး စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး တောင်မြောက်လမ်းဆုံ ရဲစခန်းအနီးမှာလဲ တားဆီးစစ်ဆေးတာတွေ ပြုလုပ်နေကြောင်းပြောပါတယ်။ ဖမ်းဆီးတာတွေလဲ ရှိတယ်လို့သတင်းတွေကြားနေရပြီး ဘယ်နှစ်ဦးဖမ်းဆီးခံရတယ်ဆိုတာကိုတော့ မဇ္စျိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

တောင်ဒဂုံမြို့ဟာ ရန်ကုန်မြို့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ မြို့တွေထဲက မြို့တစ်မြို့ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly