ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူး မဆုနှင်းထက် ဖမ်းဆီးခံရ

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အတွင်းရေးမှူး မဆုနှင်းထက် ဖမ်းဆီးခံရ

မေ ၁၉

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)ရဲ့ အတွင်းရေးမှူး မဆုနှင်းထက်ဟာ ဒီနေ့ မေလ ၁၉ ရက်တွင် သန်လျင်မြို့အတွင်းမှာ အကြမ်းဖက်စစ်ကောင်စီများရဲ့ အဓမ္မဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

သမဂ္ဂအမှု‌‌ဆောင်တွေကို ကျောင်းရှိ ဆရာတစ်ဦးမှ စာရင်းပေးတိုင်ကြားခဲ့တဲ့ ပုံစံအနေနဲ့ ကနဦး သုံးသပ်ရတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က ဘယ်သူဘယ်ဝါမှန်း မသိရဘဲ ဆရာတစ်ဦးဆိုသူက မဆုနှင်းထက်ကို အမှုဆောင်စာရင်းကို ပေးလိုက်ပြီဖြစ်ကြောင်း၊ မိသားစုရဲ့ လုံခြုံရေးကို ဖုန်းဆက်ခြိမ်းခြောက်ပြီးနောက် နေ့လယ်ပိုင်းမှာ အဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

လက်ရှိ မဆုနှင်းထက်ကို သန်လျင်ရဲစခန်းမှာ ဖမ်းချုပ်ထားပြီး မနက်ပိုင်းမှာ ရွှေပြည်သာစစ်ကြောရေးကို ပို့ဆောင်ပြီးနောက် အင်းစိန်ထောင်ဆီ ပို့မှာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly