သင်္ကန်းကျွန်းမြို့နယ် ၁၆/၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်

သင်္ကန်းကျွန်းမြို့နယ် ၁၆/၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်
ဓါတ်ပုံ- CJ - ပေါက်ကွဲမှုဖြစ်အပြီး ရုံးရှေ့တွင်ရပ်ထားသောကား၏ အခြေအနေ

မေ ၁၈

ရန်ကုန်တိုင်း ဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ၁၆/၄ရပ်ကွက် ဇောတိကလမ်းရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မေလ ၁၈ရက် ည ၈နာရီခွဲခန့်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနား နေသူများထံမှ သိရသည်။

" အသံကတော်တော်ကျယ်တယ်။ မိုးရွာနေရင်တော့ မိုးခြိမ်းသံလို့ပဲ ထင်မိမှာ။ အခုကကျတော့ အသံက လုံးဝရှင်းရှင်းလင်းလင်းကြီး ဖြစ်နေတာ''ဟု အဆိုပါ နေရာအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ထိခိုက်ဒဏ်ရာရရှိမှုအနေအထားကို မသိရသေးကြောင်းနှင့် အဆိုပါရုံးအနီးရှိ ကားတစ်စီးပျက်စီးနေသည်ကို တွေ့ရသည်ဟု သိရသည်။ 

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ် လက်နက်ကိုင်များ ရောက်ရှိလာသည်ဟု အဆိုပါ အနီးအနား နေထိုင်သူများက ဆိုသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးသည် ယခင်ရက်ကတည်းက ရဲနှင့်စစ်သား အများအပြား တပ်စွဲထားသည့် နေရာနှင့် အနည်းငယ်သာ ခြားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly