ဗီယက်နမ်မင်းသမီး နှင့် မြန်မာမီဒီယာများ တွေ့ဆုံ

ဗီယက်နမ်မင်းသမီး နှင့် မြန်မာမီဒီယာများ တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၂ ။         ။ ဗီယက်နမ် မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်ဂါးဒင်း ဟိုတယ်၌ မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။

၎င်းသည် မီဒီယာများနှင့် မတွေ့ဆုံမီ ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက Miss Universe Myanmar 2014 အလှမယ် သျှားထွဋ်အိန္ဒြာနှင့် အတူ ရွှေတိဂုံဘုရားသို့ သွားရောက် ဖူးမြော်ခဲ့သေးသည်။

မင်းသမီး ငုရင်ထရန်ဟုရန်မေသည် Media 7 နှင့်အတူ အနုပညာ လှုပ်ရှားမှုများ နှင့် ပရဟိတ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန် ဗီယက်နမ် နိုင်ငံတွင် အောက်တိုဘာ ၁၀ရက်က စာချုပ်ချုပ်ဆိုထားသူတစ်ဦး ဖြစ်သည်။

Media 7 မှ ၂၀၁၆ ခုနှစ်တွင် သရုပ်ဆောင် နေတိုး၊ မင်းသမီး ငုရင်ထရန်ဟုရန်မေတို့နှင့် ရုပ်ရှင် ဇာတ်ကား ရိုက်ကူးရန် စီစဉ်ထားပြီး ထိုင်းနိုင်ငံမှ ဒါရိုက်တာ တစ်ဦး နှင့် ရိုက်ကူးမည် ဖြစ်သည်။

မင်းသမီး ငုရင်ထရန်ဟုရန်မေသည် ညနေ ၄နာရီ တွင် MNTV ရုပ်သံလိုင်း နှင့် Talk Show ရိုက်ကူးမည် ဖြစ်ပြီး ၎င်း အစီအစဉ် ပြီးပါက ဗီယက်နမ် နိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly