စစ်ကောင်စီက ဓာတုလက်နက်အသုံးပြု တိုက်ခိုက်နေကြောင်း သံသယဖြစ်ဖွယ်ရှိတယ်လို့ CDF-Mindat ပြော

စစ်ကောင်စီက ဓာတုလက်နက်အသုံးပြု တိုက်ခိုက်နေကြောင်း သံသယဖြစ်ဖွယ်ရှိတယ်လို့ CDF-Mindat ပြော

မေ ၁၈

ချင်းပြည်နယ်၊ မင်းတပ်မြို့အနောက်ဘက်ရှိ မိုင်တိုင်အမှတ် (၃၀) နဲ့ (၄၀) အကြား မေလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီဘက်က ဓာတုလက်နက်တွေ အသုံး ပြု တိုက်ခိုက်ခဲ့ကြောင်း သံသယဖြစ်ဖွယ်ရှိနေတယ်လို့ CDF-Mindat က ဒီကနေ့ သတင်းထုတ် ပြန်ပါတယ်။

မနေ့က (မေလ ၁၇) ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က အသုံးပြုခဲ့တဲ့ လက်နက်ကြီးတွေဟာ အရင်လက်နက်ကြီးတွေနဲ့ မတူဘဲ CDF-Mindat တပ်ဖွဲ့ဝင်တွေဟာ ပြင်ပဒဏ်ရာမတွေမရှိ၊ ဗုံးဆံတွေ ထိမှန်တာမရှိဘဲ မူးဝေတာ၊ အော့အန်တာနဲ့ အရုပ်ကြိုးပြတ် အားနည်းတာတွေဖြစ်လို့ တွဲကူထမ်းရတဲ့ အခြေအနေ ကြုံတွေ့နေရတယ်လို့ CDF-Mindat က ပြောပါတယ်။

အဲဒီလိုအခြေအနေတွေကြောင့် မင်းတပ်အနောက်ဘက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက ဓာတ်တုလက်နက်အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း သံသယဖြစ်ဖွယ်ရှိနေတာလို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ပြောဆိုထားတာပါ။
လက်ရှိမှာ မင်းတပ်မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲ မရှိတော့ပေမယ့် မင်းတပ်မြို့အနောက်ပိုင်း မင်းတပ်- မတူပီ ကားလမ်းပေါ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွာနေဆဲဖြစ်တယ်လို့ CDF-Mindat က ဆိုပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက မင်းတပ်မြို့ကို လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ မြို့ပေါ်က ဒေသခံတွေကို အကြောင်းမဲ့ ဖမ်းဆီးပစ်ခတ်တာတွေ လုပ်ဆောင်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရ ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required