ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် စသုံးလုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူလုပ်ဆောင်လျက်ရှိဟု ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်းထုတ်ပြန်

ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် စသုံးလုံး အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူလုပ်ဆောင်လျက်ရှိဟု ရန်ကုန် ရွှေလုပ်ငန်းရှင်အသင်းထုတ်ပြန်
ဓာတ်ပုံ- YGEA 

မေ ၁၇

ပြည်တွင်းရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက်သက်ဆိုင်သည့်ဌာနဆိုင်ရာစသုံးလုံး(စစစ-အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့)၏ လမ်းညွှန်မှုနှင့်အတူ လပတ်အထူးအစည်းဝေးများကျင်းပ၍ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)မှ ယနေ့ မေလ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

  ထို့အပြင် လက်ရှိ မှောင်ခိုတင်သွင်းသူများနှင့်
အရောင်း/အဝယ်ကျွံ ကတိပျက်ယွင်းသူများကိုလည်း ထိထိရောက်ရောက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းအဆိုပါထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရွှေလုပ်ငန်းရှင်အသင်းအနေဖြင့် လက်ရှိအချိန်တွင် ရွှေထိငွေထိလက်ငင်းအရောင်းအ၀ယ်သာပြုလုပ်နေသဖြင့် စျေးနှုန်းတည်ငြိမ်စေရေးအတွက် အဝေးအရောင်းများကိုလည်း ပိတ်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆောင်ရွက်နေစဉ်ကာလအတွင်း 
လူမှုကွန်ယက်စာမျက်နှာများအပေါ်တွင်အတည် မပြုနိုင်သော ရွှေဈေးနှင့်ပတ်သတ်၍ သတင်းအချက်အလက်အမှားများဖြန့်ဝေသည့်သူများရှိနေသောကြောင့်အသင်းအနေဖြင့် အခါအားလျော်စွာ ပန်ကြားချက်များ ထုတ်ပြန်၍ သတိပေးတားမြစ်သွားမည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly