ဟားခါး- ဖလမ်းကြားပစ်ခတ်မှု အကြမ်းဖက်စစ်ကောင်စီဘက်က ၆ ဦးပွဲချင်းပြီးသေဆုံး

ဟားခါး- ဖလမ်းကြားပစ်ခတ်မှု အကြမ်းဖက်စစ်ကောင်စီဘက်က ၆ ဦးပွဲချင်းပြီးသေဆုံး

မေ ၁၇

ချင်းပြည်နယ်၊ ဟားခါး- ဖလမ်းကြားမှာ မေလ ၁၆ ရက်၊ ညနေ ၅ နာရီခွဲလောက်က CDF ဟားခါးနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ ၂ နာရီခွဲဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၁ဝ ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း CDF က ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေဘက်က CDF ဟားခါးကို  RPG၊ ၆ဝ မမ စတဲ့ လက်နက်ကြီးတွေနဲ့ အဆမတန်ပစ်ခတ်ခဲ့လို့ CDF ဟားခါးဘက်က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

CDF ဟားခါးတပ်ဖွဲ့ဝင် Salai Van Biak Ling ဟာ မေလ ၁၆ ရက်က အကြမ်းဖက်စစ်ကောင်စီရန်မှ ချင်းပြည်သူလူထုများအတွက် တိုက်ပွဲဝင်ရင်း အမျိုးသားရေးနှင့် တော်လှန်ရေးအတွက် အသက်ပေးလှူသွားခဲ့ကြောင်း အမျိုးသားတော်လှန်ရေးအတွက် ပေးဆပ်ရင်း ကျဆုံးသွားသည့်အပေါ် လေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူဝမ်းနည်းကြောင်းလည်း CDF က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly