အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက် whitelist ဖြင့်ဖွင့်ဖြစ်ခဲ့ပါက အင်တာနက်ဖြတ်‌တောက်ခြင်းနှင့်ကွာခြားခြင်းမရှိဟု နည်းပညာရှင်များဆို 

အကြမ်းဖက်စစ်ကောင်စီမှ အင်တာနက် whitelist ဖြင့်ဖွင့်ဖြစ်ခဲ့ပါက အင်တာနက်ဖြတ်‌တောက်ခြင်းနှင့်ကွာခြားခြင်းမရှိဟု နည်းပညာရှင်များဆို 

မေ ၁၆

လတ်တလောထွက်ပေါ်နေသည့်သတင်းများအရ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ မကြာခင်ကာလတွင် အင်တာနက်ကို whitelist ကန့်သတ်မှုဖြင့်သာဖွင့်ဖြစ်ခဲ့ပါက ပြည်သူများအနေဖြင့် အင်တာနက်အဖြတ်ခံရမှူနှင့်ကွာခြားမှုမရှိကြောင်း ပြည်တွင်းနည်းပညာရှင်များက‌သုံးသပ်သည်။

"Whitelist က မိုဘိုင်း ငွေကြေး moblie banking ၊ pay app တွေ၊ ၀က်ဆိုက်တွေပဲဖွင့်ပေးပြီး တခြားအပ်ပလီကေးရှင်း ၀က်ဘ်ဆိုက်တွေကို VPN ကျော်လို့မရတော့ဘူးဆိုတာဟုတ်တော့ဟုတ်တယ် ကျော်သုံးလို့ရခဲ့ရင် တောင်သုံးများလာရင်အဲ့ဒီအက်ပလီကေးရှင်းကိုပိတ်ချလိုက်တယ် ဒါပေမယ့်အခုချိန် တစ်နိုင်ငံလုံးသုံးမယ့် ပြည်တွင်းအပ်ပလီကေးရှင်း(Local app) နည်းသေးတယ် အင်တာနက်ဖြတ်တာနဲ့သိပ်မကွာဘူး"ဟု ပြည်တွင်းနည်းပညာရှင်တစ်ဦးကပြောသည်။

 လတ်တလောလူမှုကွန်ယက်ပေါ်တွင် Wireless broadband အင်တာနက်ဆားဗစ် ကို အပ်ပလီကေးရှင်း မိုဘိုင်းဝန်ဆောင်မှုအများစုအား မိုဘိုင်းဒေတာနှင့် ဖိုက်ဘာအင်တာနက် ၀န်ဆောင်မှုများတွင် whitelist ဖြင့်ဖွင့်လာနိုင်ချေရှိကြောင်းသတင်းဌာနအချို့နှင့်သုံးစွဲသူများမှမှတ်ချက်ပေးထားကြသည်ကိုတွေ့ရသည်။

အင်တာနက်ဖြတ်‌တောက်ရာတွင် whitelist နှင့် blacklist ဆို၍နှစ်မျိုးဖြင့်ကန့်သတ်၍ဖွင့်ပေးထားခြင်းဖြစ်သည်။ လက်ရှိ အချိန်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အင်တာနက်ကို Blacklist ဖြင့်ပိတ်ထားခြင်းဖြစ်သည်။

Backlist ၏သဘောတရားသည် ပြည်သူများအား မသုံးစေချင်သည့် အပ်ပလီကေးရှင်း service များ ပိတ်ထားခြင်းဖြစ် ပြီး ထိုဆားဗစ်များအား သုံးစွဲသူပြည်သူများမှ VPN ကျော်၍အသုံးပြုကြခြင်းဖြစ်သည်။ Whitelist ဆိုသည်မှာ Blacklist နှင့် ပြောင်းပြန်ဖြစ်ပြီး နိုင်ငံတကာမှအပ်ပလီကေးရှင်း၊ဆားဗစ် အားလုံးနီးပါးကိုပိတ်ထား၍ အကြမ်းဖက်စစ်ကောင်စီမှ၎င်းတို့သုံးစေချင်သည့် app/ service များသာရွေးဖွင့်ပေးခြင်းဖြစ်‌သောကြောင့် VPN ကျော်သုံးရန်ခက်ခဲသွားမည်ဖြစ်သည်။

"အရင်က blacklist ဆိုရင်ရှိသမျှဆိုဒ် ၅ ခု မကြည့်စေချင်ရင် အဲ့ ၅ ခုကို blacklist ထဲသွင်းတာ Whitelist က ပြောင်းပြန် bank တို့ Grab Food Grab Taxi , တို့လိုမဖြစ်မနေသုံးရမယ့်အရာတွေပဲဖွင့်ပေးထားတာ အဲ့ဒါဖွင့်ပေးပြီး စစ်ကောင်စီက သူတို့ ကြည့်စေချင်တဲ့ list ထဲထည့်ထားပြီးကျန်တာတွေဘာလာလာပိတ်မယ် အဲ့အချိန်ကျ VPN ကျော်ရမယ်ဆိုတာကသူတို့ဖွင့်ပေးတဲ့စာရင်းတွေအပေါ်မူတည်ပြီးလူ တွေကစမ်းကြမှာပေါ့သေချာတာတစ်ခုက blacklist ထက် Whitelist ကပိုခက် ဘာမှလုပ်လို့မရဘူး"ဟု ပြည်တွင်း open source initiative နည်းပညာရှင် ကိုကိုရဲကပြောသည်။

ယင်းကဲ့သို့ အင်တာနက်ကို whitelist ဖြင့်ဖွင့်လာနိုင်ချေရှိခဲ့သော် အင်တာနက်မပါဘဲ အင်ထွာနက်(Intranet) ဖြင့်လုပ်ငန်းလည်ပတ်ရုံပေးသည့် ဆက်သွယ်မှု များစတင်လာနိုင်သည်ဟုသိရသည်။

ထို့‌ကြောင့်ပြည်သူများအနေဖြင့် ပြည်တွင်းရှိစစ်ကောင်စီမှကန့်သတ်ဖွင့်ပေးထားသော အပ်ပလီကေးရှင်း၊၀က်ဘ်ဆိုက်ထဲသာ၀င်ကြည့်ခွင့်ရမှာဖြစ်ကာ Facebook, Twitter စသည့်နိုင်ငံတကာဆိုရှယ်မီဒီယာများအားသုံးစွဲခွင့်ရရှိနိုင်မှာမဟုတ်ကြောင်းနည်းပညာရှင်တစ်ဦး၏‌ပြောပြချက်အရသိရသည်။

အကယ်၍ အင်တာနက်ကို whitelist ဖြင့်ဖွင့်လာခဲ့ပါက ပြည်တွင်းရှိ သုံးစွဲသူများအနေဖြင့် ကြိုပြီးအချင်းချင်းချိတ်ဆက်၍ရမည့် ဆက်သွယ်ရေးချန်နယ်လ်၊အပ်ပလီကေးရှင်းများအားဖုန်းထဲကြိုသွင်းထားသင့်ကြောင်း၊ပုံမှန်မိုဘိုင်း စာတိုမက်ဆေ့ချ်(SMS)မှစာပို့ခြင်းထက်စာလျှင် ဖြတ်ကြည့်၍မရသော Signal၊ silence.im ကဲ့သို့လုံခြုံမှုရှိသည့် Encryption SMS သာသုံးသင့်ကြောင်း နည်းပညာရှင်ကိုကိုရဲကအကြံပြုသည်။

  ပြည်တွင်းမိုဘိုင်းအင်တာနက် မတ်လ ၁၅ ရက်နေ့တွင်စတင်ဖြတ်တောက်ခဲ့ရာ ယခုလ မေလဆန်း၌ blacklist ဖြင့်သာ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly