စစ်ကောင်စီကြောင့်ထွက်ပြေးတိမ်းနေရသူတွေကို NUG ထောက်ပံ့

စစ်ကောင်စီကြောင့်ထွက်ပြေးတိမ်းနေရသူတွေကို NUG ထောက်ပံ့

မေ ၁၆

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထောက်ပံ့ခဲ့ပါတယ်။ 

အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း ကျေးရွာပေါင်း (၄၀)ကျော်ထွက်ပြေး တိမ်းရှောင်နေရတာပါ။
တိမ်းရှောင်နေရသူတွေထဲမှာ အမျိုးသမီး ကလေးနဲ့သက်ကြီးရွယ်အိုတွေလဲ ပါဝင်ပါတယ်။

အဆိုပါ တိမ်းရှောင်နေရသူတွေရဲ့ နေထိုင်ရေးအခက်အခဲအတွက်မြန်မာကျပ်ငွေ သိန်းလေးဆယ်ကျော်တန်ဖိုး ရှိတဲ့ရွက်ဖျင်တဲမိုးကာတွေနဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဒီကနေ့ မေလ ၁၆ ရက်မှာထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly