မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ၊ တိုင်းဒေသကြီးလွှတ်တော် ပန်းတနော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ်ကို အကြမ်းဖက်စစ်ကောင်စီက မေလ ၁၅ရက်နေ့ ည ၉နာရီခန်မှာ နေအိမ်ကို ဝင်ရောက်ပြီး ဖမ်းဆီးသွားခဲ့ပါတယ်။
“ဆရာက ကျန်းမာရေးလဲ သိပ်မကောင်းတော့ သူ့အိမ်မှာပဲ ဆေးခန်းဖွင့်ပြီး လူနာတွေကို ကုပေးနေတာ၊ ခုနက စစ်ကားတွေ အများကြီးနဲ့ ဆရာ့ဆေးခန်းကို ဝင်ဝိုင်းပြီးတော့ ဖမ်းသွားတယ်၊ ဘယ်ခေါ်သွားလဲဆိုတော့ မသိရသေးဘူး”လို့ ပန်းတနော်မြို့နယ် NLDပါတီဝင်တစ်ဦးကပြောပါတယ်။
ဒေါက်တာတင်မင်းထွဋ်ဟာ ၁၉၉၀ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် တစ်ဦးလဲဖြစ်ပြီး၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိဘဲ ပါတီတာဝန်များကိုသာ ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။