မည်သို့သော အချက်အလက်တွေကို ရည်ညွှန်း၍ စစ်ကျွန်ပညာရေးဟု စွပ်စွဲပြောဆိုသနည်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်း မေးခွန်းထုတ်

မည်သို့သော အချက်အလက်တွေကို ရည်ညွှန်း၍ စစ်ကျွန်ပညာရေးဟု စွပ်စွဲပြောဆိုသနည်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်း မေးခွန်းထုတ်

မေ ၁၅

မည်သို့သော အချက်အလက်များကို ရည်ညွှန်း၍ စစ်ကျွန်ပညာရေးဟု စွပ်စွဲပြောဆိုသနည်းဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မေးခွန်းထုတ်မေးမြန်းလိုက်သည်။

ယနေ့(မေ ၁၅) ရက် နေပြည်တော်တွင် ကျင်းပသည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲအတွင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျောင်းဖွင့်ခြင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားစဉ် ယင်းသို့ မေးခွန်းထုတ် မေးမြန်းသည့် ပုံစံဖြင့် ပြောကြာလိုက်ခြင်းဖြစ်သည်။

“ ဆူပူ အကြမ်းဖက်သမားများ လက်ကိုင်ထားတဲ့ စစ်ကျွန်ပညာရေးဆိုတာ ဘယ်အချက်အလက်တွေ၊ ဘာသင်ခန်းစာတွေ၊ဘယ်ပို့ချချက်တွေကို ရည်ညွှန်းပြီးစစ်ကျွန်ပညာရေးလို့စွပ်စွဲတာလဲ။ ရှိရင် ထောက်ပြလို့ ပြောလိုပါတယ်။ အခက်အလက်နဲ့ ပြောပါလို့ ပြောစေချင်တယ်။”ဟု ၎င်းက ဆိုသည်။

 တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းကျောင်းများပြန်လည်ဖွင့်လှစ်ရန စစ်ကောင်စီက ကြေညာပြီးနောက်ပိုင်း ဆရာ၊ ဆရာမများအပြင် ကျောင်းသား/သူများနှင့် မိဘများက စစ်ကျွန်ပညာရေးတွင် ပညာသင်ကြားလိုခြင်းမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများရှိနေကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required