စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၅ မိနစ် မီးပိတ်သပိတ် ယနေ့စတင်မည် 

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၅ မိနစ် မီးပိတ်သပိတ် ယနေ့စတင်မည် 

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအား ပြည်သူများအနေဖြင့် ယနေ့ (မေ လ ၁၅ ရက်) ၈ နာရီ ၁၅ မိနစ်မှစ၍ ၈ နာရီခွဲအထိ ၁၅ မိနစ်တာညစဉ် မီးပိတ်သပိတ်လုပ်ဆောင်ရန် ရန်ကုန်အခြေစိုက်တက္ကသိုလ်‌ကျောင်းသားသမဂ္ဂနှင့်တကသဟောင်းများအင်အားစုမှ နှိုးဆော်တိုက်တွန်းထားခြင်းဖြစ်သည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအားတော်လှန်‌ ကြောင်း တနိုင်ငံလုံးသံပုံးတီးအပြီး မီးပိတ်အမှောင်ချရန် အကြမ်းမဖက်လှုပ်ရှားသည့်ကမ်ပိန်းဖြစ်သည်။

- မီးပိတ်သပိတ်လုပ်ဆောင်ရသည့်ရည်ရွယ်ချက်မှာ အကြမ်းဖက်စစ်အုပ်စုမှတိုင်းပြည်အာဏာသိမ်းခံ၍ အမှောင်ကျနေသည်မှာ ရက်၁၀၀ ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း အမှတ်ရသတိရှိကြစေရန်။ 

ပေးဆပ်စွန့်လွှတ်ခဲ့သည့်ပြည်သူများ၊ရွပ်ရွပ်ချွံချွံဆန့်ကျင်တော်လှန်နေကြသည့် သူရဲကောင်းများအား အောက်မေ့ဂုဏ်ပြုကြရန်။

တောတောင်တွေ၌ စစ်ဘေးရှောင်နေကြသူများလျှပ်စစ်မီးမရကြသူများနှင့် တစ်သားတည်းရှိကြောင်း သက်သေပြရန်။

ရက် ၁၀၀ ကျော်သည်အထိ အာဏာသိမ်းစစ်ကောင်စီအား လုံးဝအုပ််ချုပ်ခွင့် မပေး/ သွေးမအေးသေးဆိုသည်ကို အတိတ်ဆိတ်ဆုံးနည်းဖြင့်အကျယ်လောင်ဆုံးကြွေးကြော်ကြရန်။

အမှောင်ဆုံးနေ့ရက်များအလွန် အောင်ပွဲ သာရှိမည်ဆိုသည်ကို သက်သေပြကြရန်ဖြစ်သည်။ 

 ယင်းမီးပိတ်သပိတ်အားသံပုံးတီးရန်ခက်ခဲသည့်နေရာ၌နေထိုင်ကြသောပြည်သူများမှလည်းပါ၀င်လုပ်ဆောင်မည်ဟုလူမှုကွန်ယက်ပေါ်တွင်ရေးသားထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required