ရေနံချောင်းမြို့က အလွတ်တန်းသတင်းထောက်တစ်ဦးအဖမ်းခံရ

ရေနံချောင်းမြို့က အလွတ်တန်းသတင်းထောက်တစ်ဦးအဖမ်းခံရ

မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ရေနံချောင်းမြို့ကအလွတ်တန်းသတင်းထောက် ကိုအောင်ကျော်ဦး ယမန်နေ့ မေလ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ Tomorrow ဂျာနယ်မှာ အလွတ်တန်းသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ 

မေလ ၁၃ ရက်နေ့လည်ခင်းအချိန် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း အရပ်ဝတ်နဲ့စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ မိသားစုဝင်တစ်ဦးက မဇ္ဈိမကို အတည်ပြုပါတယ်။ 

ကိုအောင်ကျော်ဦးကို ဘာပုဒ်မနဲ့ ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးတဲ့အပြင် မိသားစုနဲ့တွေ့ခွင့်လဲ မရသေးကြောင်း ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေကို ထုတ်လွှင့်ခွင့် ပိတ်သိမ်းခဲ့သလို သတင်းထောက်တွေကိုလဲ မတရားဖမ်းဆီးတာတွေ အဆက်မပျက်လုပ်ဆောင်နေခဲ့တာပါ။ 

အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ လက်ရှိအချိန်အထိ အကြမ်းဖက်စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ သတင်းသမားဦးရေ ၈၀ ဦးကျော်ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required