ဖမ်းဆီးခံ ပြည်သူ ၁၄ ဦးအနက် ၅ ဦးပြန်လည်လွတ်မြောက်လာ

ဖမ်းဆီးခံ ပြည်သူ ၁၄ ဦးအနက် ၅ ဦးပြန်လည်လွတ်မြောက်လာ

မေ ၁၃

မေလ ၁၂ ရက်နေ့က လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်မှာပြုလုပ်တဲ့သပိတ်ကို စစ်ကောင်စီတပ်တွေကလာရောက်အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးထားတဲ့ ပြည်သူ စုစုပေါင်း ၁၄ ဦးရှိပါသည်။

အဆိုပါဖမ်းဆီးသွားတဲ့ပြည်သူ ၁၄ ဦးအနက် ဒီနေ့ မေလ ၁၃ ရက်နေ့ ညနေမှာ သက်မပြည့်သေးတဲ့ ကလေးအပါအဝင် အမျိုးသမီး ၅ ဦး ကပြန်လည်လွတ်မြောက်လာပေမဲ့ ကျန် ၉ ဦးကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ရပ်ကွက်တွင်း ရပ်မိ၊ ရပ်ဖတွေက  ညှိနှိုင်းလုပ်ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly