တမူးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ PDF ဘက်က တစ်ဦးကျဆုံး

တမူးမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးကာ PDF ဘက်က တစ်ဦးကျဆုံး

မေ ၁၂

အိန္ဒိယနယ်စပ် တမူးမြို့မှာ မေလ ၁၁ ရက်နေ့ ညပိုင်းက တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက် မနည်းသေဆုံးပြီး တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက် တစ်ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့ PDF- (Tamu) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကနဦး သိရပါတယ်။

ကျဆုံးသွားတဲ့ PDF- (Tamu) တပ်ဖွဲ့ဝင်ရဲ့ အမည်ကိုတော့ လုံခြုံရေးအရ ပြောပြလို့ မရဘူးလို့ ဆိုပါတယ်။

မေလ ၁၁ ရက်နေ့ ညက တမူးမြို့၊ ကွန်းတောင်းကျေးရွာနှင့် ပန်းသာကျေးရွာမှာ တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ကျဆုံးသွားသော မိမိတို့ PDF တမူး တပ်စိပ်ဝင်တစ်ယောက်အတွက် မိမိတို့ PDF တမူးတပ်စိပ်ဝင်များအားလုံး များစွာစိတ်မကောင်းဖြစ်ရသလို နိုင်ငံ့သူရဲကောင်းဖြစ်သော မိမိတို့မိတ်ဆွေအတွက် ဂုဏ်ယူလေးစား ဦးညွှတ်ပါတယ်” လို့ PDF- (Tamu) တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly