တလုပ်မြို့မြို့မှာ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရ

တလုပ်မြို့မြို့မှာ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရ
ပုံစာ-စစ်ဘေးရှောင် တလုပ်ဒေသခံတွေ

မေ ၁၁

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊တလုပ်မြို့မှာ မေ ၁၁ရက်၊မွန်းလွဲပိုင်းကနေစတင်ပြီး မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင် အဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲ ဖြစ်ပွားလျှက်ရှိတာကြောင့် ဒေသခံအချို့ စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။

ပုံစာ-စစ်ဘေးရှောင် တလုပ်ဒေသခံတွေ

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ၁၀ထက်မနည်း သေဆုံးနေပြီး ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့သိရပါတယ်။သေဆုံး ဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး မဇ္စျိမက သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

လက်ရှိ မြင်းခြံမြို့ပေါ်မှာလည်း ၅နေရာထက်မနည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required