ဖမ်းဆီးခံ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာ ထောက်ထားမှုရဖို့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းနေ

ဖမ်းဆီးခံ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာ ထောက်ထားမှုရဖို့ ထိုင်းအာဏာပိုင်တွေ ညှိနှိုင်းနေ

မေ ၁၁

ထိုင်းနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတဲ့ မြန်မာသတင်းထောက်တွေနဲ့ ပါတ်သက်လို့ လူသားချင်းစာနာ ထောက်ထားမူ အဖြေရနိုင်ဖို့ ထိုင်းက သက်ဆိုင်ရာအာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထနီး ဆန်ဂရက်က သူ့ရဲ့တွစ်တာမှာ ရေးသားထားပါတယ်။

DVB သတင်းထောက် သုံးဦးနဲ့ သူတို့ရဲ့ မိတ်ဆွေနှစ်ဦးဟာ ထိုင်းနိုင်ငံရဲ့ ကိုဗစ်စည်းကမ်းကိုဖောက်ဖျက်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်လာမှုတွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကို ခံလိုက်ရတာပါ။ 

ဒီအပေါ်မှာ မြန်မာသတင်းထောက်တွေ လူသားချင်းစာနာထောက်ထားမှု အဖြေရနိုင်ဖို့ ထိုင်းက သက်ဆိုင်ရာ အာဏာပိုင်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထနီး ဆန်ဂရက်က သူ့ရဲ့တွစ်တာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မှာအဖမ်းခံထားရတဲ့ DVB သတင်းထောက်သုံးဦးနဲ့ သူတို့ရဲ့မိတ်ဆွေနှစ်ဦးကို ထိုင်းအစိုးရက ပြန်လွှတ်ပေးပြီးတော့ ယာယီအကာကွယ်ပေးဖို့ FCCT လို့ခေါ်တဲ့ ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းထောက်များကလပ်က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ 

ဖမ်းဆီးခံထားရသူ ငါးယောက်လုံးကို မြန်မာနိုင်ငံကို ပြန်ပို့မယ်ဆိုရင် တရားစွဲဆိုမှု၊ ဖမ်းဆီးချုပ်နှောင်မှု တွေကြုံရနိုင်တာကြောင့် မြန်မာနိုင်ငံကို ဘယ်လိုနည်းနဲ့မှပြန်မပို့သင့်ဘူးလို့ FCCT အသင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required