ပုသိမ်တက္ကသိုလ်မှာ ၁၁ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်

ပုသိမ်တက္ကသိုလ်မှာ ၁၁ရာခိုင်နှုန်းခန့် ကျောင်းပြန်တက်

မေ ၁၀

စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ပုသိမ်တက္ကသိုလ်မှာ ပြန်လည်တက်ရောက်ခဲ့တဲ့ ကျောင်းသား၊ကျောင်းသူဦးရေဟာ ၁၁ ရာခိုင်နှုန်းခန့် ရှိနေပါတယ်။

ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ နောက်ဆုံးနှစ် အတန်းစုံမှာ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၅၆၈ ဦးရှိတဲ့အနက် မေလ ၅ရက်နေ့ကနေ ၈ရက်နေ့အထိ တရားဝင်စာရင်းများအရ ၁၆၅ ဦး ကျောင်းပြန်တက်နေတယ်လို့ ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂများရဲ့ စစ်တမ်းများအရ သိရပါတယ်။

ကျောင်းပြန်ဖွင့်နေပေမဲ့ ပညာသင်ကြားတာတွေကို လုပ်ဆောင်နိုင်ခြင်းမရှိဘဲ ကျောင်းအဖွင့်ပြတာပဲ ဖြစ်တယ်လို့ စာရင်းပေးတက်ရောက်ခြင်းမရှိဘဲ ကျောင်းတွင်းသွားရောက်လေ့လာခဲ့တဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်။

ပုသိမ်တက္ကသိုလ်မှာ CDMပြုလုပ်နေတဲ့ ပါမောက္ခများအပါအဝင် ဝန်ထမ်း ၁၅၇ဦးကို စစ်ကောင်စီလက်ပါးစေများက တာဝန်များကနေ ယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားစာများလဲ ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly