တရားမဝင် ရောက်လာသည့် မြန်မာနိုင်ငံမှ အမျိုးသား ၂၆ ဦးနှင့် အမျိုး သမီး ၇ဦးတို့ကို ထိုင်း အစိုး၇ တာဝန်ရှိသူများကဖမ်းဆီး

တရားမဝင် ရောက်လာသည့် မြန်မာနိုင်ငံမှ အမျိုးသား ၂၆ ဦးနှင့် အမျိုး သမီး ၇ဦးတို့ကို ထိုင်း အစိုး၇ တာဝန်ရှိသူများကဖမ်းဆီး
ဓာတ်ပုံ - khaosod news

မေ ၁၀

ထိုင်းနိုင်ငံထဲ တရားမဝင် ရောက်လာသည့် မြန်မာနိုင်ငံမှ အမျိုးသား ၂၆ ဦးနှင့် အမျိုး သမီး ၇ဦးတို့ကို ထိုင်း အစိုး၇ တာဝန်ရှိသူများက မေလ ၉ ရက်နေ့တွင် ဖမ်းဆီး လိုက် သည်။ 

ဒေသခံ ထိုင်းနိုင်ငံသားများ၏  သတင်းပေးချက်အရ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခရ ဘူရီမြို့နယ်ရှိ တောထဲ တစ်နေရာတွင် မြန်မာနိုင်ငံသားများ အုပ်စုလိုက် လမ်းလျှောက် သွားနေစဉ် ထိုင်း တာဝန်ရှိသူများက တားစီး၍ ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း မေလ ၉ ရက် နေ့ ထိုင်း khaosod သတင်းဌာနတွင်  ဖော်ပြထားသည်။ 

သတင်း ဖော်ပြချက်အရ အဖမ်းခံရသူများသည် မွန်ပြည်နယ် မော်လမြိုင်မြို့မှလာရောက် ကြပြီး ပွဲစားခ ထိုင်း ဘတ်ငွေ ၁၆၀၀၀ မှ ၁၈၀၀၀ ( မြန်မာကျပ်ငွေ - ရှစ် သိန်း ) ခန့် ကုန်ကျခံကာ ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခွန်၊ ရတ်ချဘူရီမြို့နယ်တို့တွင် သွား ရောက် အလုပ်လုပ်ကိုင်ကြမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အဖမ်းခံရသူများကိုလည်း ကိုဗစ် ၁၉ ရောဂါပိုး ရှိမရှိ သေချာ စစ်ဆေးမှုများ ပြုလုပ်ပြီး ထိုင်းဥပဒေ အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly