နယ်စပ်ဒေသများကနေ မော်တော်ဆိုင်ကယ်တွေကို တင်သွင်းခွင့် စစ်ကောင်စီပိတ်ပင်

နယ်စပ်ဒေသများကနေ မော်တော်ဆိုင်ကယ်တွေကို တင်သွင်းခွင့် စစ်ကောင်စီပိတ်ပင်

မေ ၈

နယ်စပ်ဒေသများကနေ ပြည်တွင်းအသုံးပြုဖို့ မော်တော်ဆိုင်ကယ်တွေကို တင်သွင်းခွင့် ယာယီရပ်ဆိုင်းထားဖို့ စစ်ကောင်စီက မေလ ၈ရက်နေ့မှာ ညွှန်ကြားစာထုတ်ပြန်ခဲ့ပါတယ်။

နယ်စပ်ဒေသတွေကနေ တရားဝင်တင်သွင်းခွင့် လိုင်စင်လျှောက်ထားမှုတွေ အပါအဝင် အခြား အမှန်တကယ်တင်သွင်းနေသူတွေကိုပါ တင်သွင်းခွင့်မပြုဖို့ အကြောင်းပြချက်မရှိ ရပ်ဆိုင်းလိုက်တာပါ။

အခုလို ရပ်ဆိုင်းလိုက်တာနဲ့ ပက်သက်ပြီး ၁၅နှစ်ကျော် ဆိုင်ကယ်အရောင်းဝယ်လုပ်ဆောင်လာသူ တစ်ဦးက Mizzima ကို အခုလိုပြောပါတယ်။

 “ဆိုင်ကယ်ပါကင်ပုံးတွေထဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် လက်နက်တွေကို ထည့်ပြီး သယ်နေတယ်လို့ သူတို့တွေက စွပ်စွဲပြီး မသယ်ခိုင်းတော့တာဆိုပြီး ကျွန်တော့် အဆက်အသွယ်တွေကနေပြောတယ်၊ ဆိုင်ကယ်အရိုး (Frame) တွေထဲကို လက်နက်တွေ ထည့်ပြီး ပို့ဖို့လုပ်နေတယ်ပေါ့ အရိုးက နံပါတ်တွေတောင် သူတို့က ရထားတယ်လို့ပြောတယ်၊ အဲ့အတွက် ဆိုင်ကယ်ဆိုင်တွေကိုပါ ဝင်ရှာတာတွေလုပ်တာ”လို့ ကိုအေးမင်း (အမည်လွှဲ)ကပြောပါတယ်။

မေလ ၇ရက်နေ့ ညပိုင်းကနေစတင်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ပြည်တွင်းမှာရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေကို လိုက်လံရှာဖွေပြီး အချို့ဆိုင်ကယ်တွေကို သိမ်းဆည်းတာတွေပါ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly