စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ၁၅ နှစ်အရွယ် (၉)တန်းကျောင်းသားရုပ်အလောင်း ပြန်လည်ရရှိ

စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ၁၅ နှစ်အရွယ် (၉)တန်းကျောင်းသားရုပ်အလောင်း ပြန်လည်ရရှိ

မေ ၈

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာမှာ မေလ ၇ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ထက်အောင် (ခေါ် ) မောင်ဖိုးချစ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ ပြန်လည်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လယ်သစ်မှာ ခေါင်းကျည်ဆံမှန်တဲ့ ကိုး တန်းကျောင်းသားလေးအလောင်းကို ပြန်ရပြီ၊သူ့ရဲ့ နာရေးမှာ ခွေးတွေက စစ်ကား ခုနှစ် စီးနဲ့ ရောက်နေတယ်လို့”ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူ မောင်ဖိုးချစ်ဟာ နေအိမ်ကနေ တောကို အလုပ်လုပ်ဖို့အသွားမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ကျည် ဦးခေါင်းကိုထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်က ယူဆောင်သွားခဲ့တာပါ။

မြင်းခြံမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ် ရှိနေပြီး ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်အုပ်စုကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်သွားမယ်ဆိုပြီး မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၅ ရက်နေ့က စတင်ဖွဲ့စည်းထားတာလဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly