မြောက်ကိုရီးယားက သံခင်းတမန်းခင်း လုပ်ဆောင်လာမယ်လို့ အမေရိကန် မျှော်လင့် 

မြောက်ကိုရီးယားက သံခင်းတမန်းခင်း လုပ်ဆောင်လာမယ်လို့ အမေရိကန် မျှော်လင့် 
Photo - AFP

မေ ၄

အမေရိကန်က ချည်းကပ်တဲ့ ပေါ်လစီသစ်တွေရဲ့ အခွင့်အလမ်းကို မြောက်ကိုရီးယားအနေနဲ့ အမိအရ ရယူဖို့ကို ဗြိတိန်နိုင်ငံဆီ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်က တနင်္လာနေ့မှာ ပြောပါတယ်။ 

မြောက်ကိုရီးယားရဲ့ နျူကလီးယား ရည်မှန်းချက်နဲ့ ပတ်သက်လို့ သောင်မတင်ရေမကျ အခြေအနေကို ဖြေရှင်းမယ့် အမေရိကန်ရဲ့ ပေါ်လစီသစ်တွေက ပေးတဲ့ အခွင့်အလမ်းကို ရယူဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင့်ကန်က ပြောခဲ့တာ ဖြစ်ပါတယ်။ 

“မြောက်ကိုရီးယားနိုင်ငံဟာ သံခင်းတမန်ခင်း ဆက်ဆံရေး အခွင့်အလမ်းကို ရယူပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လုံးဝကင်းစင်ရေး ရည်မှန်းချက်ဆီ ရှေ့ရှုမယ့် နည်းလမ်းတွေကို ကြံဆောင်လာဖို့ ကျွန်တော် မျှော်လင့်ပါတယ်”ဆိုပြီး လန်ဒန်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေါမနစ်ရက်ဘ်နဲ့ ဆွေးနွေးပွဲအပြီး သူက ပြောပါတယ်။ 

“မြောက်ကိုရီးယားအနေနဲ့ သံတမန် လက်တွဲမလား မတွဲဘူးလားဆိုတာကို ဆုံးဖြတ်ရဖို့ပဲ ရှိတယ်လို့ ကျွန်တော် ထင်မြင်ပါတယ်”လို့ ဘလင့်ကန်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required