ရဲမေ တစ်ယောက်မှ CDM မှာမပါဝင်တဲ့ဧရာဝတီတိုင်း

ရဲမေ တစ်ယောက်မှ CDM မှာမပါဝင်တဲ့ဧရာဝတီတိုင်း

မေ ၂

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်ဖက်အစိုးရကို လက်နှက်အင်အားနဲ့ ချိမ်းခြောက်၊နိုင်ငံ့အကြီးအကဲတွေကိုဖမ်း၊မတရား အာဏာလုယူပြီးနောက်ပိုင်း တစ်နိုင်ငံလုံးက ဌာနဆိုင်ရာ ဝန်ထမ်းတွေက စစ်အာဏာရှင်လက်အောက်မှာတာဝန်ထမ်းဆောင်လိုခြင်း မရှိတဲ့အတွက် CDMလှုပ်ရှားမှုမှာပါဝင်ခဲ့ကြပါတယ်။

တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ CDM မှာပါဝင်လာကြသလို ဧရာဝတီတိုင်းအတွင်း ဌာနအစုံမှာတာဝန်ထမ်းဆောင်နေကြတဲ့ အောက်ခြေဝန်ထမ်းတွေကအစ အာဏာသိမ်း စစ်အုပ်စုကိုဆန့်ကျင်ပြီး CDMလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ ဧရာဝတီတိုင်းမှာ CDMဝန်ထမ်းပေါင်း(ခန့်မှန်းခြေ) တစ်သိန်းခွဲကျော် နှစ်သိန်းနီးပါးအထိရှိလာခဲ့ပါတယ်။

အဲ့ဒီလို သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေက CDM မှာပါဝင်ခဲ့ကြပေမယ့် ဧရာဝတီတိုင်းအတွင်းမှာလက်ရှိ အကြမ်းဖက် စစ်တပ်လက်အောက်ခံလုပ်နေတဲ့ ရဲမေတွေကတော့ တစ်စုံ တစ်ယောက်မှ CDM မှာမပါဝင်ခဲ့ဘူးလို့ CDM လုပ်ထားတဲ့ ရဲတစ်ယောက်ကပြောပါတယ်။

"ဧရာဝတီတိုင်းမှာ CDM လုပ်တဲ့ရဲ တော်တော်နည်းတာဗျ အဲ့ဒီထက်ပိုဆိုးတာက ရဲမေတစ်ယောက်မှCDM မလုပ်ဘူး တချို့ကအကြောက်တရားတွေကြောင့်မလုပ်တာ တချို့ကတော့ သာလို့ဆက်နေနေတာ တချို့ကတော့ ဘာမှမဖြစ်သေးပါဘူး တိုက်ပွဲဖြစ်မှပြေးမယ်ဆိုတဲ့ ပုံစံတွေနဲ့နေနေတာ"လို့အဲ့ဒီ CDMလုပ်ထားတဲ့ ရဲက ဆက်လက်ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဧရာဝတီတိုင်းမှာ CDM ဝင်ထားတဲ့ဝန်ထမ်းတွေကို အကြမ်းဖက် စစ်ကောင်စီဘက်က ၅၀၅ က နဲ့အမှုဖွင့်တာတွေ၊ညအချိန်ဝင်ရောက်ဖမ်းဆီးတာတွေ အထက်လူကြီးက နည်းမျိုးစုံနဲ့ဖိအားပေးတာတွေ ပြုလုပ်နေပြီး မြို့နယ်တွေမှာရှိတဲ့ထွေအုပ်ရုံးတွေကလည်း CDM တွေရဲ့ နေရပ်လိပ်စာတွေနဲ့ ပုန်းနေနိုင်တဲ့နေရာတွေကအစ စာရင်းပြုစုနေတယ်လို့သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly