စစ်ကောင်စီအမိန့်ကို နာခံခဲ့ပြီးCDMဆရာဝန်တွေကိုအလုပ်ကရပ်နားတဲ့အတွက်မြို့တော်ဆေးရုံကပုဂ္ဂလိကဆရာဝန်တွေသပိတ်မှောက်

စစ်ကောင်စီအမိန့်ကို နာခံခဲ့ပြီးCDMဆရာဝန်တွေကိုအလုပ်ကရပ်နားတဲ့အတွက်မြို့တော်ဆေးရုံကပုဂ္ဂလိကဆရာဝန်တွေသပိတ်မှောက်

မေ ၂

မန္တလေးမြို့ မြို့တော်ဆေးရုံက CDMလုပ်နေတဲ့ အစိုးရဝန်ထမ်းဆရာဝန်တွေကို အလုပ်ကရပ်နားလိုက်တာ​ကြောင့် ပုဂ္ဂလိကဆရာဝန်တွေဟာ ဆေးရုံတာဝန်တွေကို ဆက်လက်တာဝန်မထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာကျွန်ုပ်တို့အားလုံးအနေဖြင့် Non-CDMဆရာဝန်များကို နိုင်ငံတော်သစ္စာဖောက်များအဖြစ် ခံယူလျက်ရှိရာ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ ၄င်းလောက်ကောင်များကို မဖယ်ကျဥ်ပဲဆက်လက်အလုပ်တွဲလုပ်နေခြင်းကို ပြင်းထန်စွာရှုံ့ချကြောင်းနှင့် ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက စစ်ကောင်စီ၏ မတရားမိန့်များကို နာခံနေသည့်ကာလပတ်လုံး အစိုးရဝန်ထမ်းမဟုတ်သော ပုဂ္ဂလိကဆရာဝန်များသည်လည်း ဆေးရုံတာဝန်များကို ယနေ့မှစ၍ မထမ်းဆောင်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။

ဆေးရုံကို အာဏာလုစစ်ကောင်စီတပ်တွေကဝင်ရောက်ကာ CDMလုပ်နေတဲ့ဆရာဝန်တွေစာရင်းကိုယူတယ်လို့ သတင်းထွက်ပြီးနောက်မှာ CDMလုပ်ထားတဲ့ဆရာဝန်တွေကို မြို့တော်ဆေးရုံက အလုပ်ရပ်နားလိုက်တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly