ရန်ကုန်မှာ တစ်ရက်တည်း ၆ နေရာထက်မနည်းပေါက်ကွဲမှုတွေဖြစ်

ရန်ကုန်မှာ တစ်ရက်တည်း ၆ နေရာထက်မနည်းပေါက်ကွဲမှုတွေဖြစ်

မေ ၁

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တချို့မှာ ပေါက်ကွဲမှုတွေ ၆ နေရာထက်မနည်း ဒီကနေ့ မေလ ၁ ရက်နေ့ တစ်ရက်တည်းမှာ ဖြစ်ပွားခဲ့ပါတယ်။

အစောဆုံးက တောင်ဒဂုံမြို့နယ်မှာဖြစ်ပြီး မနက်ခင်း ၄ နာရီဝန်းကျင်မှာ ပေါက်ကွဲသံကြားခဲ့ရပါတယ်။ အဲ့နောက် မနက် ၉ နာရီဝန်းကျင်းမှာတော့ အင်းစိန်မြို့နယ်က အ.ထ.က ကျောင်းဝင်းတစ်ခုမှာ ဗုံးပေါက်ကွဲခဲ့တာပါ။

ရန်ကင်းမြို့နယ်မှာက ပေါက်ကွဲမှုအများဆုံးဖြစ်ခဲ့ပြီး မြန်မာပလာဇာနဲ့ ဈေးကွေ့အနီးဝန်းကျင်တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒီ့အပြင် သဃ်န်ကျွန်း ၊ တောင်ဥက္ကလာ၊ ရွှေပြည်သာ အမှတ် ၅ ရပ်ကွက်ရုံးနားတို့မှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့ မေလ ၁ ရက်နေ့မှာ ညနေ ၄ နာရီအထိ အနည်းဆုံး ပေါက်ကွဲမှု ၆ နေရာထက်မနည်းဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့နားတွေမှာ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ချက်ချင်းရောက်လာတာကိုတွေ့ရပြီး တချို့နေရာတွေကတော့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့နေရာအနီးအနားမှာ ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူစာရင်းကို မဇ္ဈိမကစုံစမ်းနေပြီး ဆက်လက်တင်ပြသွားပါမယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly