သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

သာယာဝတီမြို့နယ်ရှိ ခလရ ၃၅ လက်နက်တိုက်မီးလောင်

ဧပြီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရှိ တပ်မ ၆၆ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၃၅ ထဲက လက်နက်တိုက် ဒီကနေ့ ဧပြီ ၂၉ ရက် မနက်ပိုင်းမှာ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

မီးလောင်ရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့်လို့ “ ပေါက်ကွဲတာတော့သေချာပါတယ်။ ပြီးတော့ သူတို့အချင်းချင်းပဲ လုပ်တာနေမှာ။ တပ်ထဲကို အပြင်လူကဝင်မရဘူးလေ ” လို့ ဒေသခံတစ်ယောက်က သူ့အမြင်ကိုပြောပါတယ်။

လက်နက်တိုက်ဆိုတာဟာ စစ်သားတိုင်းလည်းအလွယ်တကူဝင်ထွက်ခွင့်မရှိသလို သီးသန့်အစောင့်နဲ့ လုံခြုံရေးတင်းကျပ် ထားရှိတဲ့နေရာလည်းဖြစ်ပါတယ်။ 

မီးလောင်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲသံတွေဆက်တိုက်ထွက်လာတာကို အနီးအနားကပြည်သူတွေကြားရပြီး ကြောက်လန့် ပုန်းရှောင်ခဲ့ကြရတယ်လို့သိရပါတယ်။

ဒီ့အပြင် လက်ပံတန်းမြို့နယ်က မီးသတ်ကားတွေအကုန်နီးပါး သာယာဝတီဘက်ကိုထွက်ခွာသွားတာ မြင်တွေ့လိုက်ရတယ်လို့လဲ ဒေသခံတစ်ယောက်ကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required