ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ထုတ်ပြန်ချက်ကို CRPH ကြိုဆို

ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ထုတ်ပြန်ချက်ကို CRPH ကြိုဆို

ဧပြီလ ၂၈

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထုတ်ပြန်ချက် ခုနစ်ချက်ကို ကြိုဆိုကြောင်း ဒီကနေ့ ဧပြီလ (၂၈)ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးကြိုးပမ်းမှု အတွက်များစွာ အားတက်ရတယ်လို့လည်း CRPH က ဖော်ပြပါတယ်။

ဧပြီ ၂၇ ရက်နေ့ PPSTရဲ့ ထုတ်ပြန်ချက်မှာ ပဋိပက္ခတွေ အမြန်ဆုံးချုပ်ငြိမ်းဖို့၊ ဖမ်းဆီခံထားရသူတွေပြန်လွတ်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဗုံးကြဲတိုက်ခိုက်တာတွေ မလုပ်ဖို့၊ အာဆီယံရဲ့ ကြားဝင်ဖြေရှင်းပေးမှုကို လက်ခံကြောင်း၊ CRPHနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့နဲ့  လက်မှတ်မထိုးထားတဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်ပေါင်းစုဖွဲ့စည်းမယ်လို့ ဖော်ပြထားပါတယ်။

လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေက မြောက်ပိုင်း ၇ ဖွဲ့ဖြစ်တဲ့ `ဝ`အဖွဲ့ (UWSA)၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၊ ရှမ်းပြည် တိုးတက်ရေးပါ တီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ကရင်နီ (KNPP)တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်တွေနဲ့ KIA တို့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားလျှက်ရှိပါတယ်။ 

KIA က နှစ်လကျော်အတွင်းမှာ စစ်ကောင်စီရဲ့ဗျူဟာကုန်းဖြစ်တဲ့ အာလောဘွမ်တောင်ကိုသိမ်းပိုက်ထားပြီးတော့ စခန်းစုစုပေါင်း ဆယ်ခုခန့်သိမ်းယူနိုင်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required