မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အာဆီယံအား NUG ဝန်ကြီးချုပ် တိုက်တွန်း 

မိမိတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန် အာဆီယံအား NUG ဝန်ကြီးချုပ် တိုက်တွန်း 

ဧပြီ ၂၈

ဖယ်ရှားခံ လွှတ်တော်အမတ်များ ပါဝင်သည့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေး အစိုးရ NUG သည် အရှေ့တောင်အာရှနိုင်ငံများထံမှ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ဆိုသော်လည်း စစ်တပ်၏ အချက်အလက်များ မှားယွင်းစွာ တင်ပြမှုအတွက် စိုးရိမ်ပူပန်မိကြောင်း NUG ၏ ဝန်ကြီးချုပ်ဖြစ်သူက ပြောသည်။ 

စစ်တပ်ခေါင်းဆောင်နှင့်အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံက ပြုလုပ်သည့် စနေနေ့က အစည်းအဝေးပြီးကတည်းက ပထမဆုံး ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မည်သို့သော အပြုသဘောဆောင်သည့် ဆွေးနွေးမှုများအတွက် ဒေါ်အောင်ဆန်းစုကြည််အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးသင့်ကြောင်း ပြောဆိုထားသည်။ 

စစ်တပ်သည် ဖေဖော်ဝါရီ ၁ ရက်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအရပ်သားနိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်းထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly