CRPH ၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည့်ညွန့်ကို ခန့်အပ်၊ ရေးရာကော်မတီ ၈ ခုကို ဖွဲ့စည်း 

CRPH ၏ ဥက္ကဋ္ဌအဖြစ် ဦးအောင်ကြည့်ညွန့်ကို ခန့်အပ်၊ ရေးရာကော်မတီ ၈ ခုကို ဖွဲ့စည်း 

ဧပြီ ၂၆

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ဥက္ကဋ္ဌအဖြစ် မကွေးတိုင်းဒေသကြီးက ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေအဖြစ် ဒေါ်ဖြူဖြူသင်း၊ ဦးထွန်းမြင့်၊ ဦးလမင်းထွန်း (ခ) အဖြိုးတို့ကို ခန့်အပ်ကြောင်း ယနေ့ ဧပြီလ ၂၆ ရက်နေ့တွင် CRPH က ထုတ်ပြန်ကြေညာသည်။

CRPH ၏ ဧပြီလ ၂၁ ရက်နေ့အစည်းအဝေးဆုံးဖြတ်ချက်အရ ဥပဒေရေးရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနဲ့ သတင်းနှင့် ပြန်ကြားရေးဆိုင်ရာကော်မတီ ၈ ခုကိုလည်း ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။


 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required