မြင်းခြံမြို့က အိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေကိုယူဆောင်

မြင်းခြံမြို့က အိမ်တစ်အိမ်ကို စစ်တပ်ကဝင်စီးပြီး ပစ္စည်းတွေကိုယူဆောင်

ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ စက်မှုဇုန် ခွာညိုလမ်းမှာရှိတဲ့ အိမ်တစ်အိမ်ကို စစ်တပ်က ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီကျော်လောက်မှာဝင်စီးပြီး စာရွက်စာတမ်းတွေအပြင် တန်ဖိုးရှိပစ္စည်းအားလုံးကို ရှာဖွေယူဆောင်သွားတယ်လို့ သိရပါတယ်။

အိမ်ပိုင်ရှင်မှာ စစ်ကောင်စီကဝရမ်းထုတ်တာကိုခံထားရတဲ့ ကိုသက်နိုင်အောင် (ခ) ကိုသက်ကြီးဆိုသူရဲ့အိမ်ဖြစ်ပြီး အဲ့ဒီ့အိမ်မှာမနေထိုင်တာကြာပြီလို့လည်း ကာယကံရှင်ဖြစ်သူကဆိုပါတယ်။

ကိုသက်နိုင်အောင်ရဲ့အိမ်ကို စစ်တပ်ကဝင်စီးတဲ့အခါမှာ သူစုဆောင်းထားတဲ့ ရှေးဟောင်းကြွေထည်တွေ၊ ရုပ်ထုတွေအပြင် ဗိုလ်ချုပ်ပိုက်ဆံတွေအပါအဝင် ဆိုင်ကယ်ဦးထုပ်လိုပစ္စည်းမျိုးအထိ ရှာဖွေယူဆောင်သွားကြတယ်လို့ ကိုသက်နိုင်အောင်ကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required