သံပုံးတီးသူတွေကို က ခိုင်းခဲ့တဲ့ စစ်ကောင်စီတပ်

သံပုံးတီးသူတွေကို က ခိုင်းခဲ့တဲ့ စစ်ကောင်စီတပ်
ဓာတ်ပုံ - CJ

ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ်ထဲမှာ ဒီနေ့ည ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တာပြသတဲ့ သံပုံးတီးနေကြချိန်မှာ စစ်ကောင်စီတပ်တွေရောက်လာပြီး သံပုံးတီးတဲ့နေအိမ်တွေကလူတွေကို လိုက်လံဖမ်းဆီးပြီး အမျိုးသမီးတွေကို လမ်းမအလယ်မှာ က ခိုင်းတယ်လို့ ဆိုပါတယ်။ 

“ဖြစ်တာက (၄) လမ်းမှာပါ ။ တစ်အိမ်တက် တစ်အိမ်ဆင်း တံခါးခေါက် ဖမ်းဆီးပြီး၊ လမ်းမ အလယ်မှာ သူတို့က သံပုန်းတီး “က”ခိုင်းနေတာပါ။ “ ဟု အခင်းဖြစ်ပွားသည်ကို မြင်တွေ့ခဲ့ရသူ ဒေသခံတစ်ဦးက မဇ္စျိမ ကိုပြောပါတယ်။

ရပ်ကွက် (၁) ထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတစ်အုပ်က သံပုန်းတီးချိန်မှာ က ပြ ခိုင်းခံရသူ အမျိုးသမီးနှစ်ဦးရှိကာ အမျိုးသား တစ်ဒါဇင်လောက်ကိုလည်း ခေတ္တဖမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေကိုလည်း လမ်းပေါ်မှာ နှစ်နာရီနီးပါးလောက် ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ 

မဇ္စျိမက လက်ခံရရှိခဲ့တဲ့ ဗီဒီယိုအတိုလေးတစ်ခုထဲမှာ လမ်းမပေါ်က ရဲနဲ့စစ်သား ၁၇ လောက်ဟာ  ရပ်ကွက်နေပြည်သူတွေကို သံပုံးတီးလို့ ကြိမ်းမောင်း အော်ဟစ်ဆဲဆိုနေတာကို မြင်တွေ့ရပါတယ်။

ဧပြီလ ၂၃ရက်နေ့ ညပိုင်းက ၄င်းရပ်ကွက်နဲ့အနီးတဝိုက် သံံပုန်းမတီးကြဖို့ စစ်ကောင်စီတပ်တွေက လော်စပီကာနဲ့ လိုက်လံအော်တာရှိခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly