မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်း‌ဆောင် ဂျကာတာသို့ ရောက်ရှိ

မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်း‌ဆောင် ဂျကာတာသို့ ရောက်ရှိ
Photo - AFP

ဧပြီ ၂၄

မြန်မာအာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအကျပ်အတည်းနှင့်ပတ်သက်သည့် အာဆီယံအစည်းအဝေး တက်ရောက်ရန် ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ရောက်ရှိခဲ့သည်။

ယင်းသည် ဖေဖေါ်၀ါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးသော ပြည်ပခရီးစဥ်လည်း ဖြစ်သည်။

အင်ဒိုနီးရှားအစိုးရ၏ ဗီဒီယိုတစ်ခုတွင် Myanmar Airways International လေယာဥ်တစ်စင်း ဂျကာတာမြို့တော်သို့ ဆင်းသက်ခဲ့ပြီးနောက် လေယာဥ်ပေါ်မှ အနက်ရောင်၀တ်စုံဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆင်းလာခဲ့ပုံကို ပြသထားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required