မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေး ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်ရောက်မည် မဟုတ်

မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေး ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်ရောက်မည် မဟုတ်

ဧပြီ ၂၂

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် ယခုလာမည့် စနေနေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်မည့် အာဆီယံ ထိပ်သီးအစည်းအ‌ဝေးကို တက်ရောက်မည် မဟုတ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၂ ရက်တွင် ပြောသည်။

“အစည်းအဝေးကို သမ္မတကတော့ တက်ရောက်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး၀န်ကြီး ဌာနက တာ၀န်ရှိသူတော့ အဲဒီအစည်းအဝေးကို သွားတက်ပါလိမ့်မယ်” ဟု ဒူတာတေး၏ ပြောရေးဆိုခွင့်ရှိသူ ဟာရီ ရိုကွီးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။

ဖိလစ်ပိုင်သမ္မတသည် မည်သည့်အတွက်ကြောင့် အာဆီယံအစည်းအဝေးကို မတက်ရောက်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး ၎င်းက ရှင်းလင်းခဲ့ခြင်း မရှိပေ။

အလားတူ ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာသည်လည်း ထိုအာဆီယံအစည်းအဝေးသို့ တက်ရောက်မည်မဟုတ်ဘဲ နိုင်ငံခြားရေး၀န်ကြီးသာ တက်ရောက်မည်ဟု သိရသည်။

ဗီယက်နမ်၀န်ကြီးချုပ် ဖမ်မင်ချင်းကမူ ဂျကာတာတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံခြားရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရန်နာ ဘာဂျီနာသည် မြန်မာနိုင်ငံ တည်ငြိမ်မှု ပြန်လည်ရရှိရေးနှင့် သွေးထွက်သံယိုမှုများကို ရပ်ဆိုင်းနိုင်မည့် လမ်းကြောင်း ရှာဖွေရန်အတွက် အရှေ့တောင်အာရှဒေသ အစိုးရများ၏ အဆင့်မြင့်အဖွဲ့၀င်များနှင့်တွေ့ဆုံရန်အတွက် ဧပြီ ၂၂ ရက်တွင် ဂျကာတာသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required