အမေရိကန်က တရုတ်နှင့် အွန်လိုင်းပေါ်မှ ဆင်နွှဲသည့် Project Convergence စစ်ပွဲ 

အမေရိကန်က တရုတ်နှင့် အွန်လိုင်းပေါ်မှ ဆင်နွှဲသည့် Project Convergence စစ်ပွဲ 

ဧပြီ ၂၁ 

တရုတ်နှင့် တင်းမာမှုများမြင့်တက်နေစဉ် အမေရိကန်စစ်တပ်၏ Project Convergence စစ်ပွဲဂိမ်းသည် မတူညီသော ကမ္ဘာ့တိုက်ကြီးများအကြား စစ်ဆင်ရေးမြင်ကွင်းများပြုလုပ်ရန် ရည်ရွယ်ထားပြီး  အနောက် ပစိဖိတ်ဒေသ၏ ကျယ်ပြောလှသောအကွာအဝေးနှင့် ခေတ်သစ်စစ်ပွဲ၏ နည်းပညာစိန်ခေါ်မှုများကို သဏ္ဍာန်တူ ပြုလုပ်ထားကြောင်း Asian Times သတင်းစာက ဖော်ပြသည်။ 

Project Convergence ဆိုသည်မှာ အမေရိကန်အနာဂတ်စစ်ဌာနချုပ်၏ ပြောကြားချက်အရ စက်ကိရိယာများဖြင့် ပြင်ဆင်ထားသော စစ်မြေပြင်စီမံခန့်ခွဲမှုစနစ်နှင့် ဉာဏ်ရည်တုကို လိုက်မီအောင်ကြိုးစား သင်ယူခြင်းဖြစ်သည်။ "ပေါင်းဆုံခြင်း" ဟူသည် စစ်တပ်စစ်တိုက်ခိုက်ရေး အယူအဆ၏ အမာခံယူဆချက် တစ်ရပ်နှင့် ဒိုမိန်းပေါင်းစုံစစ်ဆင်ရေး၏ အဓိကသဘောတရားတစ်ရပ် ဖြစ်သည်။

အရှေ့တောင်အာရှနှင့် ဂျပန်မှသည် အကြမ်းဖျဉ်း မိုင် ၂,၅၀ဝ ခန့်ဝေးသော မဟာဗျူဟာကျကျတည်ရှိသည့် First Island Chain ကျွန်းစဉ်ကျွန်းတန်း တစ်လျှောက်တွင် စစ်ဆင်ရာတွင် ယင်းစစ်ပွဲဂိမ်းများသည် အမေရိကန်စစ်တပ်၏ အရည်အသွေးကို စမ်းသပ်မည့် သင့်လျော်သည့် စမ်းသပ်မှုဖြစ်လိမ့်မည်ကြောင်း Breaking Defense ကို ကိုးကားပြီး Asian Times က ဖော်ပြခဲ့သည်။

PC21 စီမံကိန်းကို ပူးတွဲဦးဆောင်နေသူ ဗိုလ်မှူးကြီး အန်ဒရီ အက်ဘာဒီက “ တစ်နည်းအားဖြင့် ကျွန်တော်တို့ သဏ္ဍာန်တူလုပ်ဖို့ ကြိုးစားနေတာက ပုံစံတူ ပထဝီအကွာအဝေးတွေကို နည်းပညာ အသုံးပြုပြီးပြုလုပ်ထားတဲ့ အင်ဒို-ပစိဖိတ်ဒေသရဲ့ စစ်မြေပြင် ဂျီသြမေတြီပါ” ဟု ဆိုသည်။ 

အနောက် ပစိဖိတ်ရေပြင်တွင် ပူးတွဲစစ်ဆင်ရေးကွန်ရက်ကို စမ်းသပ်ရေးမှာ ရည်မှန်းချက်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။  

အမေရိကန်အနာဂတ်စစ်ဌာနချုပ်၏ အကြီးအကဲဗိုလ်ချုပ်ကြီး ဂျွန်မူရေးက  မကြာသေးမီက ပြုလုပ်ခဲ့သောတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ပြောကြားထားသည်မှာ စစ်တပ်များသည် အနာဂတ်တွင် ပေါင်းစပ်ထားသော ဒိုမိန်းအားလုံးအမိန့်ပေးခြင်းနှင့် ထိန်းချုပ်ခြင်း ကွန်ရက်ကို ပိတ်ချရန် ကြိုးစားခြင်းမပြုမီ နည်းပညာများ အမှန်တကယ်အလုပ်လုပ်သည်ကို လေ့လာရန်မှာ စစ်တပ်အတွက် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

"နည်းပညာက ဘာလုပ်နိုင်တယ်၊ မလုပ်နိုင်ဘူး ဆိုတာကို နားလည်သဘောပေါက်အောင် စမ်းသပ်ချင်နေပါတယ်" ဟု မူရေးက ဆိုသည်။

အမေရိကန်အနာဂတ်စစ်ဌာနချုပ်၏အဆိုအရ ပူးတွဲစစ်ဆင်ရေးအယူအဆ၊ ဒိုမိန်းအားလုံးပူးတွဲ စစ်ဆင်ရေးနှင့် ယင်း၏ ထောက်ပံ့သောအယူအဆအားလုံးကို Project Convergence က ပြုလုပ်ပေးနိုင်ကြောင်းဆိုသည်။ မှန်ကန်သောနည်းပညာများဖြင့် ကမ္ဘာတဝန်းတွင် မှန်ကန်စွာနေရာချထားပေးနိုင်ရေးအတွက် Project Convergence က လူမှန်နေရာမှန်ဖြစ်ရေး၊ မှန်ကန်သောယူနစ်များနှင့် မှန်ကန်သောစွမ်းရည်များကို အတူတကွ ပေါင်းစပ်နိုင်ပေးနိုင်သည်။ 

Project Convergence သည် အမေရိကန်စစ်တပ်၏ သင်ကြားရေးအတွက် အသစ်လှုပ်ရှားမှုဖြစ်ပြီး၊ အဆင့်မြင့်ခေတ်မီအောင်နှင့် ပူးတွဲတပ်ဖွဲ့သို့ စစ်တပ်က ပေါင်းစပ်အကျိုးပြုနိုင်ရန် ပြုလုပ်ထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required