အာဇာနည် မမာလာဝင်းအတွက် တစ်လပြည့်ရည်စူးအလှူပြုလုပ်

အာဇာနည် မမာလာဝင်းအတွက် တစ်လပြည့်ရည်စူးအလှူပြုလုပ်

ဧပြီ ၁၉

မတ်လ(၁၉)ရက်နေ့က ပခုက္ကူမြို့မှာ ကျဆုံးခဲ့တဲ့ မမာလာဝင်းအတွက် တစ်လပြည့်ရည်စူးအလှူကို ဒီနေ့ ဧပြီလ (၁၉)ရက်နေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ 

မမာလာဝင်းဟာ ပခုက္ကူညသပိတ်ကိုဖြိုခွင်းခံရစဉ်ကျဆုံးခဲ့ရတာပါ။ သူမရဲ့တစ်လပြည့်အလှူကို ပြည်သူတွေရဲ့စုပေါင်းလှူဒါန်းငွေတွေနဲ့မနက်ပိုင်းမှာဘုန်းကြီးဆွမ်းကပ်ပြီး ညနေပိုင်း မှာတော့ သူမကျဆုံးခဲ့တဲ့နေရာမှာဆွမ်းဆန်စိမ်းလောင်းလှူသွားမှာဖြစ်ပါတယ်။ 

သူမရဲ့ကျန်ရစ်သူအမျိုးသားက…" ညနေပိုင်းကတော့ သူ့အသက်(၃၉)နှစ်ကိုရည်စူးပြီး သံဃာ(၃၉)ပါးကို ဆွမ်းဆန်စိမ်းလောင်းမှာပါ။ ခုပြုပေးသမျှကုသိုလ်တွေအမျှရပြီး နောက်ဘဝ တွေတိုင်း ဒီလိုအဖြစ်ဆိုးမျိုးမကြုံပါစေနဲ့လို့။ နောက်ဘယ်သူ့ကိုမှလည်း ခုလိုအဖြစ်တွေမကြုံစေချင်တော့ပါဘူးဗျာ။" လို့ပြောပါတယ်။
မမာလာဝင်းမှာ သူမရဲ့အမျိုးသား၊သမီး(၂)ယောက်နဲ့သားတစ်ယောက်ကျန်ခဲ့ပါတယ်။ 

မမာလာဝင်းလိုဘဲ စစ်အာဏာရှင်ရဲ့အကြမ်းဖက်မှုကြောင်းကျဆုံးသူဟာဧပြီ(၁၇)ရက်နေ့ထိ (၇၃၇)ဦးရှိနေပြီလို့ နိုင်ငံရေး အကျဉ်း သားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly