မန္တလေးက ဆိုင်ကယ်သပိတ် ကားနဲ့တိုက်ပြီးဖြိုခွင်းခံရ

မန္တလေးက ဆိုင်ကယ်သပိတ် ကားနဲ့တိုက်ပြီးဖြိုခွင်းခံရ

ဧပြီ ၁၉

ယနေ့နံနက်ပိုင်းက အာဏာရှင်ပြုတ်ကျရေးထွက်လာတဲ့ မန္တလေးကဆိုင်ကယ်သပိတ်ကို စစ်အာဏာရှင်တွေက ကားနဲ့တိုက်ပြီးအကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။

ကားနဲ့အတိုက်ခံရမှုကြောင့် အမျိုးသမီးများအပါအဝင် လူဦးရေ၁၀ဦးထပ်မနည်းဖမ်းဆီးခံထားရပြီး ဒဏ်ရာရရှိသူတွေလည်းရှိနေပါတယ်။

မနက်ပိုင်းကထွက်တဲ့ မန္တလေးက သပိတ်တွေကို စစ်အာဏာရှင်တပ်တွေ ချက်ချင်းဆိုသလိုရောက်ရှိလာပြီး အကြမ်းဖက်ဖြိုခွင်းရိုက်နှက်တာတွေလုပ်ဆောင်နေပါတယ်။

မနက်အစောပိုင်းကအာဏာရှင်ပြုတ်ကျရေး သပိတ်ပေါင်းစုံလည်းဖြိုခွင်းခံခဲ့ရပြီး ဖမ်းဆီးခံရသူတွေရှိခဲ့တယ်လို့သိရပါတယ်။

ယနေ့မန္တလေးမှာ လမ်းအတော်များများကို အာဏာလုစစ်ကောင်စီတပ်တွေက ပိတ်ဆို့စစ်ဆေးတာတွေလည်းလုပ်ဆောင်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required