ဖားကန့်မြို့ရဲ့ စစ်တပ်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဝင်ရောက်စီးနှင်း

ဖားကန့်မြို့ရဲ့ စစ်တပ်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဝင်ရောက်စီးနှင်း

ဖားကန့်မြို့ရဲ့ စစ်တပ်ဗျူဟာကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့ပြီး၊ အာဏာသိမ်းစစ် ကောင်စီရဲ့ တပ်များနဲ့  တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေထဲကနေ သိရပါတယ်။

ဖားကန့်မြို့ပေါ်ရှိ  မြို့မရပ်ကွက်အတွင်းက ကလပ်ကုန်းမှာတပ်စွဲထားတဲ့ စစ်​ကောင်စီ၏ တပ်ဗျူဟာကုန်းကို မနေ့ည ၁၀နာရီအချိန်လောက်မှစပြီး တိုက်ပွဲပြင်းထန်​နေကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

ဒီလိုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့ပေါ်ရပ်ကွက်တချို့က ပြည်သူများအနေနဲ့ ကတုတ်ကျင်းအတွင်း ပုန်း​​​အောင်း​နေ​ကြောင်း သိရပါတယ်။

ဖားကန့်​မြို့နယ်အတွင်းမှာက မနေ့ညနေ ငါးနာရီအချိန်လောက်ကစပြီး ​အောင်ဘာ​လေ​ကျေးရွာအနီးက အာဏာသိမ်းစစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်  KIA အကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး၊ ဖားကန့်မြို့စစ်တပ်ဗျုဟာကုန်းကို ကေအိုင်အေက ဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required