အာဆီယံအစည်းအဝေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်မည်ဟု အတည်ပြုထားကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ထုတ်ဖော်

အာဆီယံအစည်းအဝေး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်မည်ဟု အတည်ပြုထားကြောင်း ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ထုတ်ဖော်
Photo - AFP

ဧပြီ ၁၇

လာမည့်အပတ်တွင် ကျင်းပမည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အထူးအစည်းအဝေးတစ်ခုတွင် မြန်မာအာဏာသိမ်းစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်လိမ့်မည်ဟု ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီ ၁၇ ရက်တွင် ပြောသည်။

“ခေါင်းဆောင်တစ်ချို့က သူတို့ တက်ရောက်မယ့် အကြောင်း အတည်ပြုထားပါတယ်၊ မြန်မာရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င်ပေါ့” ဟု ပြောရေးဆိုခွင့်ရှိသူ တန်နီး ဆန်ဂရက်တ်က သတင်းထောက်များကို ပြောသည်။

အာဆီယံ ၁၀ နိုင်ငံအုပ်စု၏ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ ဧပြီ ၂၄ ရက်တွင် ကျင်းပမည် ဖြစ်ပြီး ထိုအစည်းအဝေး၌ စစ်အာဏာသိမ်းမှု ဖြစ်ထားသည့် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော အရေးကိစ္စကို ဆွေး‌နွေးကြရန် ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required