အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကိုဝေမိုးနိုင်အတွက် ဆွီဒင်သံရုံး ထုတ်ပြန်ချက် 

အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့ ကိုဝေမိုးနိုင်အတွက် ဆွီဒင်သံရုံး ထုတ်ပြန်ချက် 

မုံရွာမြို့၏ လူထုခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေမိုးနိုင် ယနေ့ နေ့လည်တွင် ဖမ်းဆီးခံရသည်ကို ဆွီဒင်သံရုံးမှ သိရှိရပါသည်။ ဖမ်းဆီးခံရသည့် ဗီဒီယိုဖိုင်အရ အဖမ်းမခံရမီတွင် ကိုဝေမိုးနိုင်စီးလာသည့် ဆိုင်ကယ်အား ကားတစ်စီးမှ ဝင်တိုက်သည်ကို တွေ့ရှိရပါသည်။ ကိုဝေမိုးနိုင်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ အားလုံး သင့်တော်လုံလောက်သည့် ဆေးကုသမှု ရရှိရန်နှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို လေးစားလိုက်နာရန် တောင်းဆိုပါသည်။ ကိုဝေမိုးနိုင်၏ အခြေအနေအား မိမိတို့ အနီးကပ် စောင့်ကြည့်နေပါသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly