အကြမ်းဖက်စစ်တပ်က လူငယ်ခေါင်းဆောင်ကိုဝေမိုးနိုင်  ကိုဖမ်းဆီး

အကြမ်းဖက်စစ်တပ်က လူငယ်ခေါင်းဆောင်ကိုဝေမိုးနိုင်  ကိုဖမ်းဆီး

ဧပြီ ၁၅ ၊၂၀၂၁

မုံရွာမြို့ မှာဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က  သာစည်လမ်းဆိုင်ကယ်သပိတ် ကို အကြမ်းဖက်စစ်ကောင်စီက အိမ်စီကားများဖြင့် လာရောက်ဖြိုခွင်းခဲ့ချိန်တွင်  လူငယ်ခေါင်းဆောင် ကိုဝေမိုးနိုင် ကိုအိမ်စီကားဖြင့် ဝင်တိုက်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကနေဦးသတင်းတွေအရ သိရပါတယ်။ 

"ဒီ account က သူ မှာထားခဲ့တဲ့အတိုင်း Deactivate မလုပ်ပဲ သူ့ရဲ့ သူငယ်ချင်းတွေကပဲ ဆက်ထိန်းသိမ်းပေးထားပါတယ်။ ဖမ်းဆီးခံရချိန်မှာ သူ့ကို ရိုက်နှက်ကြတယ်ဆိုတဲ့သတင်းကြောင့်လဲ ကိုဝေမိုးနိုင် ရဲ့ ကျန်းမာရေး/အသက်အန္တရာယ်လုံခြုံရေးအတွက် အလွန်စိုးရိမ်မိပါတယ် "လို့ ကိုဝေမိုးနိုင်ရဲ့လူမူကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။ 

ကိုဝေမိုးနိုင် အပါအဝင် ဆန္ဒပြ လူငယ်အချို့လည်းဖမ်းဆီးခြင်း ခံခဲ့ရပြီး မည်သည့်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုးမသိရှိရသေးပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required