မိုးမောက်မြို့နယ်မှာ KIA နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်များ တိုက်ပွဲဖြစ်ပွားနေ

မိုးမောက်မြို့နယ်မှာ KIA နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်များ တိုက်ပွဲဖြစ်ပွားနေ
Photo - KIA တပ်ဖွဲ့ဝင်တချို့ကို ၂၀၁၉ ခုနှစ်ကမြင်တွေ့ရစဉ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေ ဒီကနေ့ ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းကစလို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်တဲ့ အလော်ဘွမ် (Alaw Bum) စခန်းကို ပြန်လည်ရယူနိုင်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေက ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်တိုက်ခိုက်လာတာလို့ ယူဆရပါတယ်။

အဆိုပါ အလောဘွမ်စခန်းဘက်ကို စစ်ကောင်စီရဲ့တပ်တွေက ချီတက်လာကြပြီး၊ လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခက်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

၁၉၈၇ ခုနှစ်ကတည်းကနေ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေက အလော်ဘွမ်(Alaw Bum) ဗျူဟာကုန်းစခန်းကို တပ်စွဲထားတာလို့သိရပါတယ်။

အလော်ဘွမ် (Alaw Bum) ဗျုဟာကုန်စခန်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထိန်းချုပ် နယ်မြေဖြစ်တဲ့ လိုင်ဇာဌာနချုပ်နဲ့ မိုင်ဂျာယာန်မြို့ ဝင်ပေါက်လမ်းမှာ အဓိကကျတဲ့ စခန်းကုန်းတစ်ခုလည်းဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေကို ဆက်လက်စုံစမ်းနေတုန်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly