တမူးမြို့မှာ အကြမ်းဖက်စစ်တပ်ကပစ်လို့ ပြည်သူတစ်ဦးကျကာ၊ တစ်ဦးစိုးရိမ်နေရ

တမူးမြို့မှာ အကြမ်းဖက်စစ်တပ်ကပစ်လို့ ပြည်သူတစ်ဦးကျကာ၊ တစ်ဦးစိုးရိမ်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ ဒီကနေ့ ဧပြီ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်က အကြမ်းဖက်စစ်တပ်ကပစ်လို့ ပြည်သူတစ်ယောက်ကျကာ၊ တစ်ဦးစိုးရိမ်နေရကြောင်း ဒေသခံတစ်ယောက် မဇ္ဈိမကိုပြောပါတယ်။

“ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်စီးလာတဲ့ မောင်နှမနှစ်ယောက်ကို သေနတ်နဲ့ပစ်လိုက်တာ ကောင်လေးကတော့ ပွဲချင်းပြီးသေသွားတယ်။ ကောင်မလေးကတော့မသေမရှင်ဖြစ်နေတယ်။ လမ်းပေါ်မှာဘယ်သူမှမကောက်ရဲဘူး။ အခုချိန်ထိပဲ” လို့ နေ့လယ် ၃ နာရီခွဲမှာပြောပါတယ်။

ခရိုင်ရဲရုံးဆိုတာ တမူးမြို့ ခြင်္သေ့လေးကောင်အနားကရုံးဖြစ်ပြီးတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအများဆုံး တပ်ချနေရာယူထားတဲ့နေရာလည်းဖြစ်ပါတယ်။

ဧပြီ ၁၀ ရက်နေ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁၈ ယောက်သေပြီး ၂၅ ယောက်ဒဏ်ရာရရှိခဲ့တာကြောင့် အရေးပေါ်လူနာတင်ယာဉ်တွေနဲ့ သယ်သွားတာကို မြင်တွေ့ခဲ့ရကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

အဲ့နေ့ကပဲ ပစ်ခတ်မှုနှင့် မသက်ဆိုင်တဲ့ ပြည်သူ ၂ ယောက်ကို စစ်ကောင်စီဘက်က အကေကြာင်းမဲ့ပစ်ခတ်တာကြောင့် ကျဆုံးခဲ့ရပါသေးတယ်။

အဆိုပါ ပစ်ခတ်မှု၏ နောက်ဆက်တွဲအနေနဲ့ ဒီကနေ့ ဧပြီ ၁၁ ရက်နေ့မှာ ကလေးမြို့ကနေ တမူးမြို့ဘက်ကို စစ်ကား ၄ စီးတက်လာနေပြီး ၃ စီးမှာလူအပြည့်ပါကာ ကျန် ၁ စီးမှာ ရိက္ခာတင်ကားဖြစ်နိုင်ကြောင်းဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly