တနင်္သာရီတိုင်း အတွင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဆုံးသူ ၂၉ ရှိ

တနင်္သာရီတိုင်း အတွင်း စစ်အာဏာသိမ်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဆုံးသူ ၂၉ ရှိ

မြိတ်၊ မတ်လ ၃၁

အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အာဏာသိမ်းပြီး နောက် နိုင်ငံနဲ့ တစ်ဝှမ်း စစ်အုပ်ချုပ်မှုကို မလိုလာတဲ့ ပြည်သူတွေက ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိလာရာကနေ အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်မှုတွေကြောင့် တနင်္သာရီတိုင်း အတွင်း မတ်လ ၃၁ ရက်နေ့ အထိ ရရှိတဲ့ စာရင်း အရ ကျောင်းသား/ ပြည်သူ ၂၉ ဦး ကျဆုံးခဲ့ပါတယ်။

အခုလို အကြမ်းဖက် စစ်အာဏာသိမ်း ကောင်စီက ဆန့်ကျင် ဆန္ဒပြတဲ့ ပြည်သူတွေကို တိုင်း အတွင်း ထားဝယ်ခရိုင်မှာ ၁၀ ဦး၊ မြိတ်ခရိုင်တွင် ၁၀ ဦးနဲ့  ကော့သောင်းခရိုင်တွင် ၉ ဦး စုစုပေါင်း ၂၉ ဦး ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တိုင်း အတွင်း ကျဆုံးသူ ၂၉ ဦးမှာ ဆန္ဒပြပွဲမှာ ဖြိုခွင်း ပစ်ခတ်ခံရခြင်း၊ ညကင်း စောင့်နေချိန် ပစ်ခတ်ခံရခြင်း၊ နေအိမ်အတွင်း မီးရှို့ခံရခြင်း၊ စစ်ကားဖြင့် တိုက်ခိုက်ခံရခြင်း၊ အလုပ်သွားချိန် ပစ်ခတ်ခံရခြင်း၊ လမ်းသွား လမ်းလာ အကြောင်းမဲ့ ပစ်ခတ်ခံရခြင်း၊ နေအိမ် အတွင်း ရှိနေစဉ် ပတ်ခတ်ခံရခြင်း၊ စစ်တပ်က ပတ်ခတ်သူအား ဝင်ရောက် ကယ်တင်ရာမှ ပတ်ခတ်ခံရခြင်းနဲ့ မှောင်ရိပ်ခိုခြင်း ပတ်ခတ်ခံရခြင်း စတဲ့ အကြောင်း အမျိုးမျိုးနဲ့ ပစ်ခတ်ခံရပြီး ကျဆုံးခဲပခြင်း ဖြစ်ပါတယ်။

ထိုအပြင် တိုင်း အတွင်း မြို့နယ် အလိုက် လက်ရှိ အချိန် အထိ DVB သတင်းဌာနမှ သတင်းထောက် ကိုကောင်းမြတ်လှိုင် (ခ) ကိုအောင်ကျော် အပါဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသား/သူတွေနဲ့ ဆန္ဒပြ ပြည်သူတွေ အများအပြား ဖမ်းဆီးခံထားရတာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly